Thursday, September 13, 2012

မတည်ငြိမ်မှုများကြောင့် ကချင်ပြည်နယ်တွင်း ယာဉ်စီးခနှုန်းထားများအား(၂)ဆတိုး ကောက်ခံနေ


သြဂုတ်လကုန်မှ စတင်၍ ကချင်ပြည်နယ်သို့ သွားလာလျက်ရှိသော ခရီးသည်ယာဉ်လိုင်းများမှ ယာဉ်စီးခ နှုန်းထားအား   နှစ်ဆတိုး၍ ကောက်ခံမှုများရှိလာသည့်အတွက် သွားရေးလာရေးအခက်အခဲရှိလာကြောင်း ဒေသခံများထံက သိရှိရသည်။

ူတွေကလည်း ဖားကန့်ဘက် အတက်ကို မတက်ရဲတော့ ကားပေါ်မှာ လူသိပ်မပါဘူးလေ၊ ကုန်ပဲတင်ခဲ့ရတဲ့ အခါကျတော့ သူတို့က အသွား အပြန်နှုန်းကို တောင်းကြတယ်ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးလဆိုင်းက ပြောသည်။

ခင်က မိုးကောင်းနှင့် မြစ်ကြီးနားဘက်တို့သို့ သွားသည့်အခါ ခရီးသည်တစ်ဦးလျှင် နှစ်သောင်းဝန်းကျင်သာ ပေးရသော်လည်း သြဂုတ်လအတွင်းက ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခ ကျပ်လေးသောင်းမှ ငါးသောင်းကျပ်အထိပေး၍ သွားလာနေရ သည်ဟု ၎င်းက ထပ်ပြောသည်။

ဒေသခံအများစုမှာ ဒေသတွင်း မငြိမ်မသက်မှုများကြောင့် မကြာခဏဆိုသလို ရွေ့ပြောင်းနေရသူများ ဖြစ်သည့် အပြင် ငွေကြေးပိုင်းအရလည်း အဆင်မပြေကြသူများဖြစ်သည့်အတွက် သွားရေးလာရေးများ အခက်အခဲ   ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ဆိုသည်။

နဂိုကတည်းက စားဖို့တောင်အနိုင်နိုင် ရှာလို့ရတဲ့ကျောက်လေးကို ကျောက်ပွဲစားတွေဆီမှာ ရောင်းလိုက် မိသားစုအတွက် လိုအပ်တာလေးတက်ဝယ်လိုက်နဲ့ လည်ပတ်နေတဲ့လူတွေပါ။ အခုလိုမျိုး သွားခလာခတွေ ဈေးမြင့် လာတော့ ကျွန်တော်တို့အဖို့ သွားဖို့လာဖို့ ခက်ခဲလာပါတယ်ဟု ဖားကန့်မြို့အနီး မှော်ဝန်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နှင့် အနီးတ၀ိုက်ဒေသများတွင် သြဂုတ်လပိုင်းမှစကာ မြန်မာအစိုးရတပ်နှင့်KIA တပ်များကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သောကြောင့် ဖားကန့်မြို့အနီးမှ ကျေးရွာဒေသခံများသည် ဖားကန့်ပေါ်ရှိ ယဉ်ကျေးမှုကျောင်းများ၊ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းများ၊ ကက်သလစ်ဘုရားကျောင်းများ၊ နှစ်ခြင်း ခရစ်ယာန်ကျောင်းများ စသည့်နေရာများတွင် တိမ်းရှောင်ခိုအောင်းနေကြရသည်ဟု ဒေသခံများထံက သိရသည်။

စက်တင်ဘာလ ပထမပတ်အထိ ဖားကန့်မြို့တွင် ထွက်ပြေးတိမ်းရှောင်းလာသူ စစ်ပြေးဒုက္ခသည်ဦးရေ(၁)   သောင်းကျော်ရှိလာပြီဖြစ်ကြောင်းကိုလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။