Thursday, September 13, 2012

ပြည်ခိုင်ဖြိုးအမတ်က ဒီချုပ်အမတ်အား စွဲထားသောအမှု ပြည်ခိုင်ဖြိုးအမတ်ရှုံး


ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်ကို စွဲဆိုထားသော အမှုတွင် ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်အား အနိုင်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

အနိုင်ရရှိသွားသော မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “ရရှိတဲ့မဲက အမှန်တကယ် သန့်သန့်ရှင်းရှင်း ရရှိတာဖြစ်တယ်ဆိုပြီး အနိုင်ပေးလိုက်တာပါ”ဟု တယ်လီဖုန်းကတစ်ဆင့် ဖြေကြားသည်။
ထို့ကြောင့် တရားစွဲဆိုခဲ့သော ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းက ဒေါ်ဖြူဖြူသင်းကို အမှုရှုံးသည့်အတွက် ငွေကျပ်ငါးသိန်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခုံရုံးက စက်တင်ဘာလ ၁၁ ရက်တွင် ဆုံးဖြတ်လိုက်သည်။
ဒေါ်ဖြူဖြူသင်းသည် ကြားဖြတ်ရွေးကောက်ပွဲကာလ မဲဆွယ်ရာတွင် အသံချဲ့စက်များ၊ သီချင်းများဖွင့်၍ မဲဆွယ်ခဲ့သဖြင့် ရရှိသည့်မဲများမှာ တရားမျှတမှု မရှိသည့်အတွက် ဒုတိယ မဲအများဆုံးရရှိသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းက ၄င်းကိုအနိုင်ပေးရန် ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။