Wednesday, May 23, 2012

ဖယောင်းတိုင်မီးထွန်းဆန္ဒပြခဲ့သည့်နေရာများတွင် ရဲများ ကြိုတင်ရောက်ရှိနေ

မန္တလေး စွမ်းဟော်တယ်ရှေ့နှင့် ကျုံးအရှေ့ဘက်ထောင့်တွင် လုံခြုံရေးများ ချထားသည်ကို တွေ့ရစဉ်
၂၂-၀၅-၂၀၁၂

မန္တလေးမြို့ ကျုံး အရှေ့တောင်ထောင့်မှ လုံခြုံရေး အရာရှိတစ်ဦး
၂၂-၀၅-၂၀၁၂
မန္တလေး စွမ်းဟော်တယ်ရှေ့နှင့် ကျုံးအရှေ့ဘက်ထောင့်တွင် လုံခြုံရေးများ ချထားသည်ကို တွေ့ရစဉ်
၂၂-၀၅-၂၀၁၂

ပြီးခဲ့သော (၂၀၊ ၅၊ ၂၀၁၂) နှင့် (၂၁၊ ၅၊ ၂၀၁၂)ရက်များက ညစဉ် ၇ နာရီမှစတင်ကာ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှုများ ရက်ဆက် ဖြစ်ပွားခဲ့သော နေရာများဖြစ်သည့် မန္တလေး၊ ၂၆ လမ်းနှင့် ၆၆ လမ်း ကျုံးထောင့်၊ ၂၆ လမ်း- စွမ်းနှင့်ဆီဒိုးနားဟိုတယ်ရှေ့၊ ၂၆ လမ်းနှင့် ၆၈ လမ်းထိပ်စသည့် နေရာများတွင် ယနေ့ (၂၂၊ ၅၊ ၂၀၁၂) ညနေ ၅ နာရီကျော်ခန့်၌ ရဲအင်အား ဦးရေ ၅၀ ခန့်က နံပတ်တုတ်ချိတ်ဆွဲလျက် ငါးယောက်တစ်ဖွဲ့စီ ခွဲပြီး ည ၇ နာရီမတိုင်မီ ကြိုတင် စောင့်ကြပ်နေကြကြောင်း CJMyanmar ၏ CJ တစ်ဦးက သတင်းပေးပို့ပါသည်။ ၂၆ လမ်းကိုတော့ ပိတ်ဆို့မထားကြောင်းသိရသည်။ ရဲစီးကား ပစ်ကပ်နှစ်စီးနှင့် ဆလွန်းကားတစ်စီးကို ၂၆ လမ်းနှင့် ၆၆ လမ်းထောင့် မီးပွိုင့်နားတွင် ရပ်ထားလျက်သားလည်း တွေ့ရှိခဲ့ရကြောင်း အဆိုပါ CJ ၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။