Wednesday, May 23, 2012
မှားယွင်းဖမ်းဆီးထားသော ဆက်သွယ်ရေးဝန်ထမ်းအား ပြန်လွှတ်ပေးစေလို
ဟင်္သာတမြို့မှာ ၆-၃-၂၀၁၂ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာဗုံးကွဲမှုနှင့်
ဟင်္သာတဆက်သွယ်ရေးရုံး အတွင်း ဗုံးတွေ့ရှိမှုတို့ကြောင့်  မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း၊ အော်တိုရေဒီယိုတယ်လီဖုန်းဌာန၊ ဟင်္သာတမြို့ မှ ၀န်ထမ်းတစ်ဦးအား
မသင်္ကာမှုနှင့်  ဖမ်းဆီးခဲ့ပါသည်။ ၄င်းဝန်ထမ်း၏ ဇနီးသည် (အိတ်ချိန်းဝန်ထမ်း)
 ကိုလည်း ရဲစခန်းတွင် (၃)ညအိပ် (၄)ရက် ခေါ်ထားသေးပါတယ်။ မသိနားမလည်
သေးသော သမီးငယ်(၂)ယောက်ကိုလည်း ည (၁၁) နာရီလောက် ၄င်းဝန်ထမ်း
ဖမ်းဆီးထားသော ဆည်မြောင်းရိပ်သာသို့ ခေါ်ဆောင်လာပြီး ကြည့်ခိုင်းခဲ့ပါတယ်။
 ဒီလောက်ရက်စက်ယုတ်မှာတဲ့ ရဲများ ကို တစ်မြို့လုံးက အံ့သြလို့ မဆုံးဖြစ်ခဲ့ရပါတယ်။
 ယခုအခါ ဗုံးခွဲခဲ့သော တရားခံအား ဖမ်းဆီးနိုင်ခဲ့ပြီလို့ နိုင်ငံပိုင် သတင်းစာများတွင်
ဖေါ်ပြခဲ့သည်ကို ဖတ်ရှုခဲ့ရပါသည်။ မသင်္ကာမှုနှင့်ဖမ်းဆီးခဲ့သော ဆက်သွယ်ရေးမှ
ဝန်ထမ်းကို ယနေ့ချိန်အထိ ပြန်လွှတ်မပေးသေးပါ။ ၄င်းဝန်ထမ်းကိုဖမ်းဆီးချိန်မှစပြီး
ယနေ့အထိ မိသားစုနှင့်  တစ်ကြိမ်မှတွေ့ခွင့်မပေးခဲ့ပါ။
ယခုအချိန်တွင် ၄င်းဝန်ထမ်းကို အချုပ်ထဲမှာမထားတော့ပဲ ထောင်ထဲတွင် ပြောင်း
ရွေ့ထားပါသည်။ ဘာကြောင့်ဆက်ပြီး ဖမ်းဆီးထားသည်ကို မိသားစုများမှ စုံစမ်းခဲ့
သော်လည်း မသိရှိရပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် မိသားစုတွေကိုတော့ အသိပေးသင့်
သည်ဟု ထင်မြင်မိပါသည်။ အပြစ်မရှိတော့လျှင် ပြန်လွှတ်ပေးသင့်ပါတယ်။
၎င်းဝန်ထမ်းကို ဖမ်းဆီးချိန်အတွင်း နှိပ်စက်ခဲ့ခြင်း၊ အလုပ်ပြုတ်ခဲ့ခြင်းများအတွက်
ဟင်္သာတမှ ရဲ၊ “စ”သုံးလုံး၊ ရဲသတင်းတပ်ဖွဲ့တို့တွင်တာဝန်ရှိပါသည်။ တရားခံမဟုတ်ပဲနဲ့
တရားခံပါဆိုပြီး ဖမ်းခဲ့တဲ့ ၄င်း ရဲ၊ “စ”သုံးလုံး၊ ရဲသတင်းတပ်ဖွဲ့ဝင်များသည်လည်း
လောက်ရှိတယ်ဆိုတာ ဒီအမှုမှာတင် သက်သေပြနိုင်ခဲ့ပါတယ်။ ဒီဝန်ထမ်း တစ်ယောက်က
  သူ့ဌာနကို ပြန်ပြီး ဗုံးထောင်ပါ့မလားဆိုတာ စဉ်စားကြည့်ဖို့တော့ ကောင်းပါတယ်။
အစကတည်းက ဒီဝန်ထမ်းက တရားခံမဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ် ။
ဒီ ရဲ၊ “စ”သုံးလုံး၊ ရဲသတင်းတပ်ဖွဲ့တွေက ဘာလို့မသိကြတာလဲ။ ကိုယ်ကိုကိုယ် အသုံးမကျ
မှန်းသိရင်လဲ အလိုက်သိတက်စွာနဲ့ အလုပ်က ထွက်လိုက်ကြပါတော့။ ဟင်္သာတက
ရဲအရာရှိကြီးများ ဘယ်သင်တန်းကျောင်းကသင်ပေးလိုက်လို့ ဒီလိုအသုံးမကျဖြစ်နေ
တာလဲ။ ဒင်းတို့ကြောင့် ရဲတပ်ဖွဲ့ဝင်အားလုံး နာမည်ပျက်ရတော့မယ်။ သူများမိသားစုဝင်
တွေ စိတ်ဆင်းရဲရသလို ဒင်းတို့အားလုံးဝဋ်မလည်ကျပါစေနဲ့လို့ ဆုတောင်းနေပါသည်။
အများကြီးစိတ်ဆင်းရဲခဲ့ရတယ်။ တန်ဘိုးရှိတဲ့အချိန်တွေ့လဲ ကုန်ဆုံးခဲ့ရတယ်။ ၄င်းဝန်ထမ်း
 ဆုံးရှုံးသွားသော အရာများအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက  တာဝန်ယူဖြေရှင်း
သင့်ပါသည်။ ရဲများမှ မသင်္ကာသော သူများကို ခေါ်ယူမေးမြန်းခွင့်ရှိပါသည်။
ဒီလောက်အကြာကြီးဖမ်းဆီးထားခြင်း၊ နှိပ်စက်ခြင်းများမပြုလုပ်ရပါ။ နှိပ်စက်ခဲ့သောသူများ
နှင့် ဒီလောက်ကြာကြာဖမ်းဆီးခဲ့သူများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အပြစ်ပေးအရေး
ယူသင့်ပါသည်။ ဟင်္သာတမှ ရဲများ၏ လုပ်ရပ်ကို ကြည့်မနေနိုင်သောကြောင့် အဲ့ဒီရဲများ၏
လုပ်ရပ်ကို နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထဲရေးဌာနမှ တာဝန်ရှိသူများ သိရှိနိုင်ရန်နှင့်
ဖြေရှင်းပေးပါရန် ဟင်္သာတမြို့ ခံတဦးက Myanmar News Now ကို သတင်းရေးသား
ပေးပို့ ထားပါသည်။
မေလ(၁၃)ရက်နေ့ က ဗုံးဖောက်ခွဲမှုတရားခံဆိုသည့် သန်းကိုဦး မြန်အောင်မြို့ ကြံ့ခိုင်ရေး ရုံးသို့
ဝင်ရောက် ဆောင်ရွက်ခဲ့ပုံများကို သရုပ်ပြ လိုက်လံပြသနေပုံ (ဓါတ်ပုံ-Myanmar News Now)
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။