ဝတ္ထုများအား
ထုတ်/တင်စနစ်သို့ဖြေလျော့ပြောင်းလဲလိုက်ရာတွင်
ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော စာပေဖန်တီးမှုစွမ်းအားများ
ပိုမိုထွက်ပေါ်လာနိုင်ကြောင်း ရသစာရေးဆရာများထံက ပြောကြားသည်။

“အခုစဖွင့်စမှာတော့
ပိတ်ဆို့နေတဲ့မြောင်းကြီးဖွင့်လိုက်သလို အမှိုက်သရိုက်စာပေတွေလည်း
ပါလာနိုင်တယ်။ တဖြည်းဖြည်းနဲ့သန့်စင်သွားမှာပါ။ အဲဒီအခါ
ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ စာပေဖန်တီးနိုင်စွမ်းတွေ ပိုထွက်
လာနိုင်ပါတယ်။” ဟု ဆရာနွမ်ဂျာသိုင်းကပြောသည်။
ယခင်
တင်/ထုတ်စနစ်မှ ထုတ်/တင်စနစ်သို့ ပြောင်းလဲလိုက်ရာတွင်
တာဝန်ယူမှုနှင့်ပတ်သက်၍ ရသစာရေး ဆရာများအနေနှင့်များစွာ ပြောင်းလဲခြင်းမျိုး
မကြုံတွေ့စေနိုင်ကြောင်း ဆရာနွမ်းဂျာသိုင်းက ဆက်ပြောသည်။
“ကလောင်သိက္ခာထိန်းတဲ့
စာရေးဆရာတွေအတွက်ကတော့ နဂိုတည်းကလည်း တာဝန်ယူမှုတွေ ကရှိခဲ့တာ ကိုး။
အခုစနစ်အရလည်း ဖြစ်လာရင်တာဝန်ယူရမှာပဲဆိုတော့ ကြီးကြီးမားမား
ပြောင်းလဲလာတာတော့ မရှိ ပါဘူး” ဟု ၀ါရင့် ရသစာရေးဆရာကြီး နွမ်ဂျာသိုင်းက
ပြောသည်။
ဝတ္ထုစာအုပ်များကို
ထုတ်ဝေဖြန့်ချီခြင်းမပြုမီ စာပေစီစစ်ရေးသို့တင်ပြရပြီး စာပေစီစစ်ရေးက
ခွင့်ပြုလက်ခံမှ သာ
ထုတ်ဝေခွင့်ရရှိခဲ့ကြခြင်းဖြစ်သည်။ထုတ်/တင်စနစ်သို့ဖြေလျော့ပြီးနောက်ပိုင်း
ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက် လာခဲ့ပါကလည်း စာရေးသူမှ တာဝန်ယူဖြေရှင်းရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
“အင်မတန်တာဝန်သိသိနဲ့ရေးကြတဲ့
ရသသမားစစ်စစ်တွေအနေနဲ့ကတော့ ဘာမှထူးခြား ပြောင်းလဲသွားမှာမဟုတ်ပါဘူး။
ကျွန်မအမြင်ကတော့လေ။ ကိုယ့်ရဲ့ဖန်တီးမှုကို အစွမ်းကုန်ဖန်တီးမယ်။ အစွမ်းကုန်
တာဝန်ယူ မယ်ဆိုတဲ့ ရသစာပေသမားတွေအတွက်ကတော့ အရင်ကလည်း ဒီအတိုင်းပဲ
အခုလည်းဒီအတိုင်းဖြစ်မှာပဲ ။” ဟု ရသစာရေး ဆရာမတစ်ဦးဖြစ်သူ
မသီတာ(စမ်းချောင်း) ကပြောသည်။
လွတ်လပ်မှုမရှိရင်
ရသစာပေဖန်တီးမှုအားနည်းလာနိုင်ပြီး လွတ်လပ်ခွင့်အထိုက် အလျောက်ရလာခြင်း
အပေါ် တွင် ရသရေးသူများက ကြိုဆိုကြောင်း မသီတာ(စမ်းချောင်း) ကဆက်ပြောသည်။
တင်/ထုတ်စနစ်အရ
ပရိသတ်ထံသို့ဖော်ပြလိုသော အချို့စာများကို ချန်လှပ်ခံခဲ့ရတာတွေရှိခဲ့ပြီး
ယခုကဲ့သို့ ဖြေလျှော့ပေးလိုက်သည့်အတွက်
ချန်လှပ်ခံရတာမျိုးမဖြစ်နိုင်တော့ကြောင်း စာပေအသိုင်းအ၀ိုင်းကပြောသည်။
“လူထုကောင်းကျိုးအတွက်
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ရေးရမှာလားဆိုတာ ဆုံးဖြတ်မယ်။ လူထုအတွက် ရေးသင့်
တယ်ဆိုရင် ရေးမယ် ။ နောက်ပိုင်းပြဿနာဖြစ်လာရင်လည်း ဘာမဆို ရင်ဆိုင်မယ်။
ဟိုအရင်တုန်းကတော့ ဘယ်လောက်ကိုယ့်ဘက်က စေတနာမှန်နဲ့တင်ပြတယ်ထားဦး
ပရိသတ်ဆီကိုမရောက်ဘူး ပြုတ်ကျန် ခဲ့တယ်။” ဟု ဆရာနွမ်ဂျာသိုင်းက ဆက်ပြောသည်။
ပြန်ကြားရေးဝန်ကြီးဋ္ဌာနလက်အောက်ရှိ
မြန်မာနိုင်ငံစာပေစီစစ်နှင့်မှတ်ပုံတင်ဋ္ဌာနအနေဖြင့် ၂၀၁၁ ဇွန်လ(၁၀)
ရက်နေ့မှစ၍ တင်/ထုတ်စနစ်နှင့် ထုတ်/တင် ဟူ၍ အုပ်စုနှစ်ခုခွဲ ခြား၍
စတင်ဖြေလျော့ပေးခဲ့ခြင်းဖြစ်သည်။ အုပ်စု(၂)တင်ထုတ်စနစ်တွင် ပါဝင်နေသေးသော
သတင်းဂျာနယ်၊ နိုင်ငံရေးနှင့်သမိုင်း၊ ဘာသာရေးစာပေများ ကိုလည်း လာမည့်
ဇွန်လအတွင်းတွင် စီစစ်မှုများထပ်မံဖြေလျော့သွားမည် ဖြစ်ကြောင်း
စာပေစီစစ်နှင့် မှတ်ပုံတင်ဋ္ဌာနမှ တာဝန်ရှိသူ ဦတင့်ဆွေက ပြောကြား ထားသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။