“ဒီကိစ္စတွေကို တိုင်းဒေသကြီးအစိုးရက အမြန်ဆုံးလုပ်ပေးရမှာ၊
မလုပ်ပေးဘူးဆိုရင် ပြည်ထောင်စု အစိုးရအထိ တက်ပြီး ဒီဟာကို
တောင်းဆိုရလိမ့်မယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော
ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။
အလုပ်သမားများ၏ နစ်နာမှု ဆင်းရဲမှု ဒုက္ခရောက်မှုများကိုလည်း
ကမ္ဘာမှသိရှိစေရန်နှင့် တိုင်းပြည်က သိစေရန်ပြည်လည်ဝေငှ သွားမည်ဖြစ်ကြောင်း
မိမိတို့အနေနဲ့ ဘက်မလိုက်ပဲအမှန်တရားဘက်က ရပ်တည်သွားမည်ဖြစ်ကြောင်းကိုလည်း
ဆက်လက်ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် အလုပ်သမားဆိုင်ရာဥပဒေထွက်ရှိပြီးဖြစ်ကြောင်း
အလုပ်သမားများနှင့်ပတ်သက်သော ပဋိပက္ခပေါ်ပေါက် လာတိုင်း ဖြေရှင်းရေးကော်မတီ
ဖွဲ့စည်းပေးရန်တိုင်းဒေသကြီးအစိုးရနှင့် ပြည်နယ် အစိုးရတွင်
တာဝန်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော
ကိုဋ္ဌေးကြွယ်က ပြောသည်။
“အခုဆန္ဒပြမှုတွေမှာ အခုချိန်ထိ စနစ်တကျဖြေရှင်းပေးမှုတွေ မရှိသေးဘူး
အလုပ်သမားတွေက ဆန္ဒပြနေတယ်၊ ကြားဝင်ပြီးတော့
ဖြေရှင်းပေးတဲ့အဖွဲ့စည်းတွေကလဲ အလုပ်သမားတွေရဲ့အသံ ထက်စာရင်
အလုပ်ရှင်ရဲ့အသံကို နားထောင်တာ ပိုများနေတယ်လို့ ကျွန်တော်တို့ထင်တယ်”ဟု
ကိုဋ္ဌေးကြွယ်က ရှင်းပြသည်။
ဆန္ဒပြမှုများကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြေရှင်းပြီးစေချင်ကြောင်း
အကြမ်းဖက်မှုနှင့်ပေါက်ကွဲမများမဖြစ်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း
အဆိုပါ(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်က ဆက်ပြောသည်။
မေလ ၂၁ ရက်နေ့တွင် ၈၈ မျိုးဆက်ကျောင်းသားများခေါင်းဆောင် ကိုမင်းကိုနိုင် ၊
ကိုဋ္ဌေးကြွယ် ၊ ကိုမြအေး နှင့် ကိုဂျင်မီတို့မှ ဆန္ဒပြစက်ရုံ
(၅)ရုံသို့သွားရောက်၍ အလုပ်သမားများ၏ တောင်းဆိုချက် များကို
သွားရောက်နားထောင်ခဲ့ပြီး အလုပ်သမားနှင့် အလုပ်ရှင်စေ့စပ်ပြီး
ညှိုနှိုင်းပြီးဖြေတာမျိုး ဖြစ်သင့် ကြောင်း
(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ၄င်းတို့သဘောထားများအား
ပြောဆိုခဲ့ သည်။
(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များအနေနဲ့ အဆိုပါ ဆန္ဒပြမှုများအား
ပြေလည်သွားစေလို ကြောင်း အလုပ်သမားများဘက်ကလဲ အကြမ်းမဖက်စေချင်ကြောင်း
အလုပ်ရှင်ဘက်ကလဲ အင်အား သုံး၍ မဖြေရှင်းစေလိုကြောင်း
(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ရှင်းပြသည်။
အဆိုပါအလုပ်သမားဆန္ဒပြမှုများသို့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များအနေနဲ့ ပထမဆုံး အကြိမ် သွားရောက်ခြင်းဖြစ်သည်။
အဆိုပါဆန္ဒပြမှုများသည်
မေလ (၁၀)တွင် Hi-Mo ဆံပင်တုစက်ရုံ၊ (၁၁)ရက်စ်ဝမ်းစက်ရုံ၊ (၁၄)ရက်နေ့တွင်
စံပယ်ဖြူစက်ရုံ၊(၁၅) ရက်နေ့တွင် ပုလဲစက်ရုံနှင့် (၁၇)ရက်နေ့တွင်
နေမင်းအောင်အထည်ချုပ်စက်ရုံတို့ ဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြစက်ရုံများသို့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ရန်ကုန်တိုင်းတာဝန်ခံ
ဦးအောင်သိန်းလင်း၊(၈၈)
မျိုးဆက်ကျောင်းသားပါတီ(ပြည်ထောင်စု)ကိုအေးလွင်နှင့်(၈၈)
မျိုးဆက်ကျောင်းသားခေါင်းဆောင်များ
လာရောက်ညှိုနှိုင်းဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။