Showing posts with label ရေးသားသူ - အောင်ကိုခန့်(ဥပဒေ)-ရန်ကုန်တိုင်းမ်. Show all posts
Showing posts with label ရေးသားသူ - အောင်ကိုခန့်(ဥပဒေ)-ရန်ကုန်တိုင်းမ်. Show all posts

Wednesday, May 23, 2012

ဓနုဖြူမြို့နယ် အလယ်မျိုးကျေးရွာသားများ ဆန္ဒ(၃)ချက်အား တောင်းဆို

ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် အတွင်းရှိ အလယ်မျိုးကျေးရွာအုပ်စု အလယ်မျိုးချောင်းမကြီး အနီးဝန်ကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ (၁၅ဝ)ခန့်သည် မေလ(၂၂)ရက်နေ့ နေ့လည်(၁)နာရီခန့်က ဓနုဖြူမြို့နယ် တရားရုံးရှေ့ လမ်းမပေါ်တွင် ငြိမ်းအေးစွာ ဆန္ဒပြတာင်းဆိုမှု ပြုလုပ်ခဲ့ပြီး နေ့လည်(၃)နာရီခန့်တွင် သက်ဆိုင်ရာမှ အကြောင်းပြန်ကြားမှု မရှိခဲ့၍ မြို့နယ်တရားရုံးမှ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ရုံးရှေ့သို့ စီတန်းလမ်းလျှောက်ကာ သွားရောက်ဆန္ဒပြတာင်းဆိုခဲ့ကြောင်း သိရသည်။