ချင်းမိုင်၊ နယူးဒေလီ (မဇ္ဈိမ) ။ ။ လွှတ်တော်ကိုယ်စားလှယ်များ
ကျမ်းသစ္စာကျိန်ဆိုချက် စာသား ပြင်ဆင်ပေးရန် တင်ပြထားသော်လည်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အလျှော့ပေး လိုက်လျော၍ လက်ရှိ
အခြေခံဥပဒေပါ အတိုင်း ဆောလျင်စွာ ကျမ်းသစ္စာ ကျိန်ဆိုကြမည် ဖြစ်ကြောင်း
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။