Friday, August 10, 2012

လုပ်အားခနည်းပါးမှုကြောင့် ပုသိမ်ကြီးမြို့နယ်တွင် လယ်လုပ်သားရှားပါးမှုနှင့်ရင်ဆိုင်နေရ


မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် လုပ်ငန်းပြောင်းရွှေ့လုပ်ကိုင်သူများလာသောကြောင့် လယ်ယာစိုက်ပျိုးရန်အတွက် လယ်အလုပ်သမားရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေးရွာတောင်သူများက ဆိုသည်။

ယခင်ကလယ်မြေများတွင် လုပ်ကိုင်ခဲ့သောအလုပ်သမားအများစုမှာ မန္တလေးမြို့ပေါ်ရှ နေ့စားလုပ်ကိုင် နေရသော လုပ်ငန်များသို့ သွားရောက်လုပ်ကိုင်ကြသဖြင့် လယ်အလုပ်သမားများ ရှားပါးလာခြင်း ဖြစ်ကြောင်း တာင်သူများက ဆိုလိုခြင်းဖြစ်သည်။

“ လယ်မှာ လုပ်အားအဓိက လိုအပ်တယ် အလုပ်သမားနည်းလာတော့ ကျွန်တော်တို့အလုပ်မဖြစ် တော့ဘူး၊ အခုလယ်ရိတ်ချိန်မှာ အလုပ်သမားတွေ မျှသုံးရတယ်။ လယ်ထဲမှာလုပ်တဲ့သူတွေဆိုတာ ကလည်း ငွေကြိုပေးထားရတဲ့သူတွေပဲရတယ်။ အရင်လယ်ထဲမှာ အလုပ်လုပ်နေတဲ့လူတွေက အခုမြို့ ပေါ်မှာ နေ့စားတွေ ဖြစ်ကုန်ပြီ’’ ဟု ပုသိမ်ကြီးမြို့နယ်ဆင်ရွာကြီးမှတောင်သူ ဦးသောင်းမြင့်က ၄င်းတို့ ကြုံတွေ့နေရသည့် အဖြစ်အပျက်ကို ရှင်းပြသည်။

မန္တလေးမြို့ပေါ်တွင် သွားရောက်လုပ်ကိုင်သော လယ်အလုပ်သမားအများစုသည် တစ်နေ့ဝင်ငွေ ကျပ်(၄)ထောင်မှ ကျပ်(၆)ထောင်ထိရှိရရှိပြီး လယ်ကူလီလုပ်လျှင်ရရှိသော ဝင်ငွေထက် ပိုများကြောင်း ကိုလည်း သိရသည်။

“ တောင်သူအလုပ်က တစ်နေကုန်ပင်ပန်းပြီး လုပ်အားခနည်းနည်းပဲရတယ်၊မြို့ပေါ်မှာ နေ့စားနဲ့ ပန်းရံလုပ်ရင် တစ်မနက် သုံးလေးထောင်အနည်းဆုံးရတယ်၊ တောင်သူလုပ်ငန်းလုပ်ရတာလောက် မပင်ပန်းဘူးလေ၊ လုပ်ငန်းကျွမ်းကျင်ရင် ကျွမ်းကျင်သလိုရတယ်’’ ဟု ပုသိမ်းကြီးမြို့နယ် လိန်ပင် ကျေးရွာမှ မန္တလေးတွင်ပန်းရံလာရောက်လုပ်ကိုင်နေသူ ကိုဇော်မိုးထွေးကပြောသည်။

သိမ်ကြီးမြို့နှင့်မန္တလေးမြို့နီးသောကြောင့်အလုပ်သမားများ အလုပ်ခွင်သို့စက်ဘီးနှင့်သွားကြောင်း သိရသည်။ စက်ဘီးမရှိသော သူများမှာ စက်ဘီးတစ်စီးငွေသုံးလေးရာပေး၍ငှားစီးပြီး သွားရောက် လုပ်ကိုင်ရသည့်အတွက် စက်ဘီးငှားရမ်းသည့် လုပ်ငန်းများမှာလည်း စီးပွားဖြစ်လျှက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။

မန္တလေးမြို့သို့ လာရောက်လုပ်ကိုင်သောအလုပ်သမားဦးရေမှာ သောင်းဂဏန်း အထိရှိကြောင်း ပုသိမ်ကြီးမြို့ခံတစ်ဦးကပြောသည်။ ပုသိမ်ကြီးမြို့နယ်တွင် လယ်ယာလုပ်ငန်း အဓိကလုပ်ကိုင်ပြီး ယခုအချိန်တွင် နွေစပါးရိတ်သိမ်းနေချိန်ဖြစ်သည်။

တောင်သူအလုပ်သမားများအနေဖြင့် လုပ်ငန်းပြောင်းလုပ်ကိုင်လာခြင်းမှာ လယ်ပိုင်ရှင်တောင်သူများ ထံမှရရှိသော လုပ်အားခနည်းပါးခြင်းကြောင့်ဖြစ်ပြီး လုပ်အားခနည်းရပါးခြင်းမှာ တောင်သူလုပ်ငန်းမှ ရရှိသောအကျိုးအမြတ်နှင့်နှိုင်းယှဉ်၍   ပေးရသောကြောင့် နည်းပါးခြင်းဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် ဇီးချိုကုန်းကျေးရွာမှ တောင်သူဦးတင်မောင်က ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။