Friday, August 10, 2012

 အင်းစိန်မြို့နယ်တွင် ဆီဘောက်စာကား ဘရိတ်ပေါက်ရာမှတစ်ဆင့် ခုံးတံတား ပလပ်ဖောင်းကျော်တက်မှု ဖြစ်ပွား


ဆီဘောက်စာ ကားဘရိတ်ပေါက်ရာမှတစ်ဆင့် အင်းစိန်မြို့နယ်ရှိ ခုံးတံတားပလပ်ဖောင်းအား ကျော်တက်မှုဖြစ်စဉ် သြဂုတ်လ ၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အနီးရှိ မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။ အဆိုပါ ဆီဘောက်စာကားမှာ လှိုင်သာယာမြို့နယ်မှ ခရမ်း၊ သုံးခွသို့ ထွက်ခွာလာသော ကုမ္ပဏီပိုင်ယာဉ်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရှိရသည်။

''ရှေ့ကဖြတ်သွားတဲ့ စက်ဘီးကိုရှောင်လိုက်တာမှာ အရှိန်လွန်ပြီး ဘရိတ်ပေါက်သွားတဲ့အတွက်  ရှေ့မှာရှိနေတဲ့ ခရီးသည်တင်ကားတွေကို တိုက်မိသွားမှာစိုးတဲ့အတွက် တံတားခုံးအဆင်းမှာရှိတဲ့ ပလက်ဖောင်းကိုပဲ အရှိန်သတ်တဲ့ အနေနဲ့ တိုက်လိုက်တာပါ''ဟု ဖြစ်စဉ်မှ ယာဉ်မောင်း ကိုသန်းဇော်မိုးက ပြောကြားခဲ့သည်။ 
''သူ့ကား ဘရိတ်ပေါက်နေတဲ့ အချိန်မှာ ရှေ့မှာ ခရီးသည်တင်ကားတွေ ရှိတယ်။ ဒီအချိန်မှာ သူဒီလိုဆုံးဖြတ်ချက်ချလိုက်တာ အရမ်းကောင်းတယ်လို့ ပြောရမယ်''ဟု ယာဉ်ထိန်းရဲတစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။