Friday, August 10, 2012

နိုင်ငံတကာသို့ထိုးဖောက်နိုင်ရန် ကချင်အနုပညာရှင်များအစည်းအရုံး (ရိုန်နီ) ဖွဲ့စည်းမည်


ကချင်အနုပညာရှင်များအစည်းအရုံးဖွဲစည်းနိုင်ရန် ကချင်တိုင်းရင်းသား အနုပညာရှင်များက ဖြစ်မြောက်ရေး ကော်မတီဖွဲစည်း အကောင်အထည်ဖော်ဆောင်ရွက်နေပီ ဖြစ်သည်

ပြည်နယ်နှင့် တိုင်းဒေသကီးရှိ ကချင်တိုင်းရင်းသားများ ဂီတရုပ်ရှင်အနုပညာများကို ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ကချင်အနုပညာအစည်းအရုံး ( Wunpawng Shingni Hpung)ကို ဖွဲစည်းနိုင်ရန် စီစဉ်နေသည်ဟု င်း ဖြစ်မြောက်ရေးကော်မတီ အဖွဲဝင်တစ်ဦးက ဆိုသည်

“ အဓိက ရည်ရွယ်ချက်က ငါတို့က လိုင်စင်မဲ့တွေ ဖြစ်နေတယ်၊ ကချင်တိုင်းရင်းသားတွေရဲအနုပညာ ဂီတတွေ အကုန်ပေါ့ လိုင်စင်မဲ့ဖြစ်နေတယ်၊ပီးတော့ ကျွန်တော်တိုကချင်မှာ အဆိုတော် ရုပ်ရှင် ဘယ်အပိုင်းပဲ ဖြစ်ဖြစ် အားကိုဖို အဖွဲအစည်းတွေမရှိဘူး၊ ညန်ပြမယ့်သူမရှိဘူး၊ ကချင်ပြည်နယ်မှာ အနုပညာအစည်းအရုံးဆိုတာ ရှိနေသင့်ပြီ၊ အဲ့တာကောင့် ဒီအဖွဲဖွဲနိုင်အောင် ကိုးစားနေတာပါ” ဟုကချင်အနုပညာ အစည်းအရုံးဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုဒေါင်လွဏ်းက ပြောသည်

ကချင်အနုပညာရှင်များအစည်းအရုံးကို အောက်တိုဘာလ (၂၂) ရက်မှ (၂၆)ရက်ထိ ပြည်တွင်း ပြည်ပ ကချင်အနုပညာရှင်များအားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို မြစ်ကီးနားမြို့တွင် ကျင်းပသွားမည် ဖြစ်ကောင်း သိရသည်

“ မြစ်ကီးနားမှာ ညီလာခံလုပ်မယ်၊ ရှိန်နီအောက်မှာ ဂီတနဲရုပ်ရှင်က သူဟာသူ သီးသန်ဖြစ်မယ်၊တစ်ယောက်တည်းလုပ်ား ထက်စာရင်    အားလုံးပေါင်းလုပ်နိုင်အောင်ပါ’’ ဟု ဖြစ်မြောက်ရေး ကော်မတီမှ ဒုဥက အဘားဒီးက ဆိုသည်

လက်ရှိတွင် ယင်းညီလာခံ ကျင်းပနိုင်ရန်အတွက် မြစ်ကီးနားရန်ကုန်မြို့တွင် အစည်းအဝေးများ ပြုလုပ်ပီး တေးရေးတေးဆို တီးခတ်သူမော်ဒယ် အကအဖွဲအစရှိသည် ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များကိုလည်း ရွေးချယ်ထားပီး ဖြစ်သည်ဟု အဘားဒီးက ပြောသည်

ညီလာခံတွင် ကချင်အနုပညာရှင်များအစည်းအရုံးဥပဒေကြမ်းရေးဆွဲမည်ဖြစ်ကာရှိန်နီအဖွဲကို မည်သို မည်ပုံ လုပ်ဆောင်သွားမည်ကို အဓိက ဆွေးနွေးမည်ဖြစ်ပီး ရွေးကောက်ပွဲပြုလုပ်မည် ဖြစ်ကောင်း သိရသည်

ကချင်အနုပညာရှင်များအစည်းအရုံး (ရိုန်နီ) ဖြစ်မြောက်ရေးကော်မတီတွင် ဥက္ကဌ ဦးဇော်ဒိမ်ဒုဥက္ကဌ အဘားဒီးအတွင်းရေးမှူး ကိုဒေါင်လွဏ်းဒုအတွင်းရေးမှူး ယွပ်ဆိုင်းအင် မင်းဇိုင်းလွမ်းနော တိုပါဝင်ပီး စည်းရုံးရေးအဖွဲ အကံပေးအဖွဲ့ စသည့်အဖွဲ့ဝင်ပေါင်း (၁ဝဝ)ကျော်ပါဝင်သည်

အဆိုပါ အဖွဲဖွဲစည်းနိုင်ပါက ကချင်တိုင်းရင်းသား အနုပညာလုပ်ငန်းသည် နိုင်ငံတကာ အနုပညာ တွင် တွင်ကျယ်စွာ လုပ်ကိုင်လာနိုင်ရန် မျှော်လင့်မိကြောင်း သိရသည်

“ ကျွန်တော်တိုက မိဘမဲ့ကလေးတွေနဲ တူနေတယ်၊ နောက်ပီးတော့ ကလေးတွေ မရှိတဲ့ မိဘလို လည်း ဖြစ်နေတယ်၊ ကျွန်တော်တိုကိုယ့်နေရာကို ခိုင်ခန့်စွာ ရပ်တည်နိုင်ရမယ်၊ မြန်မာမှာဆိုလည်းကည့် ရုပ်ရှင်အစည်းအရုံးအဲ့လို အဖွဲအစည်းတွေရှိတော့ မင်းသမီးမင်းသားတွေ ဘယ်လောက် အကျိုးခံစားရလဲ၊ ကျွန်တော်တို ပြည်နယ်မှာ ရေဒီယို စတေရှင် ရုပ်ရှင် စတေရှင် မရှိလာဘူးလိုဘယ်သူ ပြောနိုင်မလဲ၊ ကျွန်တော်တိုအဆင်သင့်ရှိနေ ရမယ်၊ နိုင်ငံရေးလည်း ပွင့်လာပြီဆိုတော့ ရဲရဲလုပ်လာရတော့မယ်’’ ဟု ကိုဒေါင်လွဏ်း ဆိုသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။