Sunday, December 9, 2012

အမေရိကန်နိုင်ငံ၏ ပထမဆုံးအကူအညီအဖြစ် မြန်မာနိုင်ငံ ရေလုပ်ငန်းနှင့် မွေးမြူရေးဏ္ဍများတွင် နည်းပညာလွှဲပြောင်းပေးမည့် အစီအစဉ်စတင်





အမေရိကန်သမ္မတ ဘားရက် အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နောက်ပိုင်းတွင် ပထမဆုံးအကူအညီအဖြစ် မြန်မာနိုင်ငံငါးလုပ်ငန်းနှင့် မွေးမြူရေးဏ္ဍများတွင် နည်းပညာဆိုင်ရာများကို လွှဲပြောင်းသင်ကြားပေးမည့် အစီအစဉ်များ စတင် ချိတ်ဆက် လုပ်ကိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပြသည်။

နည်းပညာဆိုင်ရာ ပညာများကို လွှဲပြောင်းသင်ကြားပေးမည့် အစီအစဉ်ကို အမေရိကန် အကူအညီပေး ရေးအေဂျင်စီ(USAID)၏ ရံပုံငွေကို ရယူ၍ Win Rock International မှ လာရောက်၍ ကူညီသင်ကြားပေးမည် ဖြစ်ကြောင်း သိရှိရသည်။
အမေရိကန်နိုင်ငံ၏ အန်ဂျီအို အဖွဲ့အစည်းတစ်ခုဖြစ်သောWin Rock International အဖွဲ့အစည်း သည် မြန်မာနိုင်ငံရှိ ငါးလုပ်ငန်းဏ္ဍများနှင့် မွေးမြူရေးဏ္ဍများတွင် လယ်သမားများ တစ်ယောက်နှင့် တစ်ယောက်ချိတ်ဆက်ပေးသည့် ဖွံ့ဖြိုးတိုးတက်ရေး (Farmer to Farmer Development) အစီအစဉ်ကို လုပ်ကိုင်ဆောင်ရွက် ကူညီပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မွေးမြူခြင်းလုပ်ငန်းများ၊ သားဖောက်ခြင်း လုပ်ငန်းများ၊ ပြုပြင် ထုတ်လုပ်ခြင်းနည်းများ၊ ကုန်ချောအဖြစ် မြှင့်တင်ပြီး တန်ဖိုးမြင့်ပစ္စည်းများဖြစ်အောင် လုပ်ခြင်းများနှင့် ဈေးကွက်နှင့်ပတ်သက်သော အ ကြောင်းအရာများ လိုအပ်ချက်များကို နည်းပညာများ လွှဲပြောင်း၍ ကူညီသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အခက်အခဲ၊ လိုအပ်ချက် အကြောင်းအရာများကို စာပြုစုပြီး Win Rock International သို့ အဆိုတင်သွင်းရမှာဖြစ်ပြီး ယင်းအဖွဲ့မှ အဆို ကိုကြည့်ကာ မြန်မာနိုင်ငံနှင့် အဆင်ပြေမည့်အကြောင်းအရာ အချက်အလက်များပါသော အဆိုကို ပြန်လည်တင်ပြပေးမှာဖြစ်ကြောင်းလည်း သိရှိရပါသည်။

eleven media group


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။