အမေရိကန် လွှတ်တော်အမတ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပိတ်ဆို့မှုဆွေးနွေး
အမေရိကန်အထက်လွှတ်တော်အမတ် Mitch McConnell နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မနေ့ည ၈ နာရီကျော်က တယ်လီဖုန်းနဲ့
ပြောဆိုဆွေးနွေးရာမှာ အမေရိကန်အစိုးရက မြန်မာနိုင်ငံပေါ် ပိတ်ဆို့
ဒဏ်ခတ်ထားတဲ့ Burma Freedom and Democracy Act နဲ့ ပတ်သက်ပြီး
ဆွေးနွေးခဲ့ကြောင်း NLD ပါတီပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။