Monday, November 5, 2012

 ယခုနှစ်အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ်ကို ရန်ကုန်မြို့တွင် ကျင်းပမည်


ယခုနှစ် အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ်ကို ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ဒီဇင်ဘာလ ၅ ရက် နှင့် ၆ ရက်များတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဖိုရမ်၏အကြောင်းအရာမှာ “Turbulent World. Rising Asia. Where do we go from here?” ဖြစ်သည်။ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံအတွက် အရေးပါသော အခါသမယဖြစ်နေသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ပြင်ပကမ္ဘာ နှင့် ထိတွေ့ဆက်ဆံမှုမရှိဘဲ သီးခြား နေထိုင်ခဲ့ရာမှ သမ္မတ ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လတွင် တက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခဲ့သည့်အတွက် ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှုများ ရှိလာသည်။ ယခင်က အလားတူဖိုရမ် ရှစ်ကြိမ်လုပ်ခဲ့ဖူးပြီး ယခုနှစ်ဖိုရမ်က အာဆီယံ၏ လက်ရှိနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုအဖွဲ့အစည်းများမှ နောင်လာမည့် ခေါင်းဆောင်များကို ဖိတ်ခေါ်ထားကြောင်း သိရသည်။
ဖိုရမ်အတွက် ဖိတ်ကြားထားသည့် ဟောပြောသူများထဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘ်ဟီးဆစ်၊ စာရေးဆရာ ဦးသန့်မြင့်ဦး၊  SPA Group မှ မစ္စတာ Serge Pun၊ ထိုင်းနိုင်ငံ The Nation မှ သတင်းစာဆရာ ကာဝိတို့ ပါဝင်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။