Sunday, June 24, 2012

 တာမွေအ၀ိုင်းထိပ်၌ ဈေးဝယ်စင်တာတစ်ခုကို စတင် ဆောက်လုပ်နေပြီး၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်တွင် ဖွင့်လှစ်သွားမည်


ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗညားဒလလမ်းနှင့် အရှေ့ရွှေဂုံတိုင် လမ်းထောင့်ရှိ တာမွေသင်္ချိုင်းနေရာတွင် City Mart Holding Co., Ltd မှ ဈေးဝယ်စင်တာတစ်ခုကို စတင်ဆောက်လုပ်နေပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း City Mart Holding Co., Ltd မှ  Managing Director ဒေါ်ဝင်းဝင်းတင့်၏ ပြောကြားချက်အရ သိရပါသည်။

''နိုင်ငံခြားကုမ္ပဏီနဲ့ ဖက်စပ်ဆောက်တာ မဟုတ်ပါဘူး။ ကျွန်မတို့နဲ့ ချိတ်ဆက်ထားတဲ့ ဂျပန် G7 နဲ့က စိုက်ပျိုးရေးထုတ်ကုန်ဘက်မှာပဲ ပူးပေါင်း လုပ်ကိုင်သွားမှာပါ'' ဟု ဒေါ်ဝင်းဝင်းတင့်က ဆိုပါသည်။ ဈေးဝယ်စင်တာကို မြေအောက် တစ်ထပ်အပါအ၀င် စုစုပေါင်း လေးထပ် ဆောက်လုပ်မည်ဖြစ်ပြီး ယာဉ်ရပ်ရန်နေရာများကိုလည်း လုံလောက်စွာ ထားရှိဆောက်လုပ်သွားမည်ဖြစ်ကာ ဆောက်လုပ်မှုလုပ်ငန်းကို စတင်နေပြီဖြစ်သည်။

မြန်မာကုမ္ပဏီဖြစ်သော City Mart Holding Co., Ltd နှင့် ဂျပန်အခြေစိုက် Megumi No SatoCo., Ltd  ပိုင် G7 စူပါမားကတ်တို့သည် မြန်မာနိုင်ငံအတွင်း အော်ဂဲနစ် စိုက်ပျိုးရေးထုတ်ကုန်များ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်း စီးတီးမတ်၊ စူပါမားကတ်၊ ဟိုတယ်၊ စားသောက်ဆိုင်များသို့ ဖြန့်ဖြူး ရောင်းချမည်ဖြစ်ကြောင်း သိရပါသည်။

City Mart Holding Co., Ltd ၏ လုပ်ငန်းများတွင် City Mart Supermarket ၊ Ocean Supercen- ter ၊ East point Shopping Center ၊ North Point Shopping Center ၊ Marketplace ၊ Chinatown  Point Center ၊ City Book & Music ၊ City Medic Pharmacy ၊ City Baby Club ၊ Seasons Bakery & Cafe စသည်တို့ပါဝင်ပြီး တူဒေးကုမ္ပဏီများအုပ်စုနှင့် ထိုင်းအခြေစိုက် 108 Shop နှင့်ချိတ်ဆက်ကာ 108 စတိုးဆိုင် ၁၁ ဆိုင်ဝန်းကျင် ဖွင့်လှစ်ထားသည်။
အဆိုပါ ဈေးဝယ်စင်တာ ဆောက်လုပ်မည့်နေရာသည် တာမွေ မြို့နယ်နှင့် ဗဟန်းမြို့နယ်ဆုံရာ၌ တည်ရှိပြီး ဗညားဒလလမ်း၊ အရှေ့ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း တို့ဆုံရာတွင် တည်ရှိကာ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပေါ်ရာနေရာ တစ်ခုလည်းဖြစ်ကြောင်း၊ လက်ရှိအစိုးရမှ ယင်းနေရာတွင် ခုံးကျော်တံတားတည်ဆောက်ရန် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းက စီစဉ်ခဲ့သော်လည်း မြေတိုင်းတာမှုများပြီးနောက် စီမံကိန်းကို ဆက်လက်အကောင် အထည်မဖော်ခဲ့ကြောင်း သိရှိရပါသည်။           

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။