
မြန်မာအသင်းတိုက်စစ်မှုး ကျော်ကိုကို ဖိလစ်ပိုင်အသင်းဘက်သို့ ထိုးဖောက်ဂိုးသွင်းနေစဉ်
သုဝဏ္ဏကွင်းတွင် ပထမပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သော တောင်ကိုရီးယားအသင်းနှင့် မလေးရှားအသင်းတို့၏ ပွဲစဉ်သည် အပြန်အလှန်ရှိခဲ့ပြီး တောင်ကိုရီယားအသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော တရုတ်(တိုင်ပေ)အသင်းနှင့် ဗီယက်နမ်အသင်းတို့ပွဲစဉ်တွင် ဗီယက်နမ်အသင်းက ပိုမိုထိုးဖောက်ကစားနိုင်ခဲ့သော်လည်း ပွဲအပြီးတွင် တရုတ်(တိုင်ပေ)အသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
သုဝဏ္ဏကွင်းတွင် ဒုတိယပွဲစဉ်အဖြစ် မြန်မာယူ-၂၂အသင်းနှင့် ဖိလစ်ပိုင်ယူ-၂၂အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅-၁) ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိသွားခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်းစတင်ပြီး မကြာမီမှာပင် ပင်နယ်တီ ပြစ်ဒဏ်ဘောမှတစ်ဆင့် ဖိလစ် ပိုင်အသင်းကို ဦးဆောင်ဂိုးပေးလိုက်ရပြီး ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ဂိုးများကို တိုက်စစ်မှူးကျော်ကိုကို အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းတို့က နှစ်ဂိုးစီ ရန်အောင်ဝင်းက တစ်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမပွဲစဉ်များက စားအပြီးတွင် မြန်မာယူ-၂၂အသင်းက ဂိုးကွာခြားမှုဖြင့် ထိပ်ဆုံး၌ ရပ်တည်လျက်ရှိသည်။
အသင်းများ၏ ရပ်တည်မှု | |||||||
---|---|---|---|---|---|---|---|
အသင်း | ပွဲ | နိုင် | သရေ | ရှုံး | ရဂိုး | ပေးဂိုး | ရမှတ် |
မြန်မာ | ၁ | ၁ | - | - | ၅ | ၁ | ၃ |
တောင်ကိုးရီးယား | ၁ | ၁ | - | - | ၃ | ၂ | ၃ |
တရုတ်(တိုင်ပေ) | ၁ | ၁ | - | - | ၂ | ၁ | ၃ |
ဗီယက်နမ် | ၁ | - | - | ၁ | ၁ | ၂ | - |
မလေးရှား | ၁ | - | - | ၁ | ၂ | ၃ | - |
ဖိလစ်ပိုင် | ၁ | - | - | ၁ | ၁ | ၅ | - |
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။