Sunday, June 24, 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ၌ သေဆုံးသူအရေအတွက် ၆၂ ဦးရှိခဲ့ပြီ ဖြစ်ကြောင်းသိရှိရ


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ သေဆုံးသူ အရေအတွက်မှာ ဇွန်လ ၂၁ ရက်နေ့ အထိ ၆၂ ဦးရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။ 
ယင်းနှင့် ပတ်သက်ပြီး "ဘယ်သူဘယ်နှစ်ဦး သေတယ်ဆိုတာ ပြောဖို့ ခက်တယ်။ နိုင်ငံပိုင် သတင်းစာထဲမှာလည်း ပါပြီးသား ဖြစ်တဲ့အတွက် သတင်းစာမှာပါတာ အတည်ဖြစ်ပါတယ်။ အရင်က သတင်းစာမှာ ပါပြီးတာက ၅၀ ဦးဆိုတော့ အခု ၁၂ ယောက်ထပ် တိုးတယ်ဆိုတော့ ၆၂ ဦးဖြစ်သွားပြီးလို့ ပြောလို့ရပါတယ်'' ဟုလည်း ရခိုင်ပြည်နယ် ဥပဒေအရာရှိချုပ် ဦးလှသိန်းက သတင်းထောက်များနှင့် တွေ့ဆုံဖြေကြားရာတွင် ပြောကြားခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။