ဒေါ်အောင်ဆန်းစုကြည် လန်ဒန်က မြန်မာ အသိုင်းအ၀ိုင်းနှင့် တွေ့ဆုံ
2012-06-22
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ လန်ဒန်မြို့  Royal Festival Hall ခန်းမကြီးမှာ မြန်မာအသိုင်းအ၀ိုင်း မိသားစုတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်က မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်နိုင်ငံရှိ
မြန်မာအသိုင်းအ၀ိုင်း တွေ့ဆုံခြင်း အခမ်းအနားကို လန်ဒန်မြို့  Royal
Festival Hall ခန်းမကြီးတွင်ပြုလုပ်နေစဉ်။
အဲသလို တွေ့ဆုံရာမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့
မိမိတို့ နေထိုင်ရာ အိမ်ရှင်နိုင်ငံ့အပေါ် ကျေးဇူးတရား သိတတ်ကြဖို့၊
စည်းလုံးညီညွတ်မှုကို ဦးတည်ကြဖို့ လိုသလို ပြည်တွင်းက တိုင်းရင်းသားပြည်သူ
အားလုံးလည်း ညီညွတ်မှုကို တိုးတက်အောင် လုပ်ဆောင်ကြဖို့၊ ပြည်ပရောက်
မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ ရရှိတဲ့ အခွင့်အရေးတွေအပေါ် အခြေခံပြီး
မြန်မာနိုင်ငံမှာ အခု လောလောဆယ် ပေါ်ထွက်နေတဲ့ အခြေအနေ အခွင့်အလမ်းတွေကို
အလဟသ မဖြစ်အောင် ကြိုးပမ်းကြဖို့ အလေးထား ပြောကြားသွားပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား အင်အားစုတွေ အရေးပါ အားထားရပုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။