Tuesday, July 31, 2012

 မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဘာသာရပ်သစ်တစ်ခု တိုးမြှင့်သင်ကြားမည်


မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဘာသာရပ်အသစ်တစ်ခုအား တိုးမြှင့်သင်ကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဦးချာလီသန်း၏ ပြောကြားချက်အရ သိရသည်။ 

လာမည့် စာသင်နှစ်အတွက် အသစ်တိုးမြှင့်သင်ကြားမည့် ဘာသာရပ်မှာ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်ပညာ ဘာသာရပ်ဖြစ်ပြီး၊ ယင်းဘာသာရပ်ဖြင့် ဘွဲ့ရရှိပြီးသော ကျောင်းသားများသည် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ ပေါ်တွင် လျှပ်စစ်အင်ဂျင်နီယာအရာရှိအဖြစ် တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည်။
သို့ဖြစ်၍ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တွင် ဘာသာရပ်စုစုပေါင်း ဂ ခု သင်ကြားသွားမည်ဖြစ်သည်။ ဘာသာရပ်များမှာ ရေယာဉ်တည်ဆောက်မှုပညာ(NA)၊ ရေကြောင်းအင်ဂျင်နီယာ(ME)၊ ရေကြောင်း စက်မှုအင်ဂျင်နီယာ(MM)၊ ရေကြောင်း လျှပ်စစ်နှင့် အီလက်ထရောနစ်ပညာ (MESE)၊ ဆိပ်ကမ်းအင်ဂျင်နီယာ (PH)၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာ(RC)၊ ရေကြောင်းသိပ္ပံပညာ(NS)၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်ပညာ (MESE) (ETO) တို့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။