Tuesday, July 31, 2012

ပထမဆုံး ရေဒီယိုအစီအစဉ် သင်တန်းဖွင့်လှစ်မည်


မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂနှင့် Creative Media House (CMH) နှင့် ပိုလန်နိုင်ငံရှိ Association Education for Peace  အဖွဲ့အစည်းတို့ပူးပေါင်း၍ ပထမဆုံး ရေဒီယိုအစီအစဉ် သင်တန်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။ 

အရေအသွေးပြည့်ဝသည့် ရေဒီယိုမှတစ်ဆင့် ပွင့်လင်းလွတ်လပ်သော မီဒီယာနယ်ပယ်မှ ဗဟုသုတများကို ရှာမှီးနိုင်သည့် အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရေးအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းများကို ရန်ကုန်မြို့တွင် သြဂုတ်လ၂၀ ရက်နေ့မှ ၃၀ရက်နေ့အထိ၊ မန္တလေးမြို့တွင် စက်တင်ဘာလ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး သင်တန်းတစ်ခုတွင် သင်တန်းသားဦးရေ ၂၀ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါသင်တန်းတွင် စာတွေ့သင်ကြားချိန် ငါးရက်နှင့် လက်တွေ့ သင်ကြားချိန် ၇ ရက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ဥရောပ ရေဒီယိုစတေရှင် TOK FM ပိုလန်နိုင်ငံသား ရေဒီယိုအသံလွှင့် ပညာရှင်နှစ်ဦးက သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသားသုံးဦးကို ရွေးချယ်၍ ပိုလန်နိုင်ငံရှိ မီဒီယာတစ်ခုတွင် တစ်လသင်တန်း တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။ 
ရေဒီယိုအစီအစဉ် သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် burmaoniar@gmail.com သို့ သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။