Tuesday, July 31, 2012

မြန်မာလက်လီ ဘဏ်လုပ်ငန်း တိုးတက်စေရေးအတွက် ဗြိတိန်အခြေစိုက် Lafferty Group မှ ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်


မြန်မာလက်လီဘဏ်လုပ်ငန်း တိုးတက်စေရေးအတွက် ဗြိတိန်အခြေစိုက် Lafferty Group မှ ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုဘယ်(လ်)ကောလိပ်မှ သိရှိရပါသည်။ 

ဝန်ဆောင်မှု အစီအစဉ်အား မြန်မာနိုင်ငံရှိ မြန်မာနိုဘယ်(လ်)ကော လိပ်နှင့် ဗြိတိန်အခြေစိုက် Lafferty Group တို့ပူးပေါင်း၍ နိုင်ငံတကာ ဘဏ်လုပ်ငန်းများတွင် သင်တန်းပေးခြင်း၊ သုသေတနပြုခြင်း၊ ဘဏ်အစီရင်ခံစာများ ပြုစုခြင်း၊ စာစောင်များ ထုတ်လုပ်ခြင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရပ်များ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။
''ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရပ်မှာ foundation level ၊ intermediate level ၊ next level ၊ executive level အဆင့်သင်တန်းတွေ ဖွင့်လှစ်သွားမှာပါ။ ဘဏ်တွေမှာ ၀န်ထမ်းတွေ သင်တန်းကျောင်းလာတက်ဖို့ အချိန်အခက်အခဲရှိခဲ့ရင် ဘဏ်တွေဆီကို သင်တန်းက နည်းပြဆရာတွေ လွှတ်ပေးဖို့ စီစဉ်ထားပါတယ်'' ဟု မြန်မာနိုဘယ်(လ်)ကောလိပ်မှ အထွေထွေမန်နေဂျာ ဦးရဲနိုင်က ဆိုသည်။ ဗြိတိန်အခြေစိုက် Lafferty Group သည် ၁၉၈၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လန်ဒန်မြို့ တွင် ရုံးချုပ်ဖွင့်လှစ်ထားကြောင်း၊ ဘဏ်လုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းများကို လေ့ကျင့်ပေးခြင်း၊ သုသေတနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပညာပေးခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်သည့် အဖွဲ့ဖြစ်ကြောင်း၊ ကမ္ဘာ့တစ်ဝန်းရှိ ဗဟိုဘဏ်များ၊ သီးခြားရန်ပုံငွေအဖွဲ့များ၊ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများအပြင် ကမ္ဘာ့နိုင်ငံပေါင်း(၇၀)ကျော်ရှိ ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ ဘဏ်လုပ်ငန်းကော်ပိုရေးရှင်းများတွင် လေ့ကျင့်ပေးခြင်း၊ စာရင်းစစ်ဆေးပေးခြင်း၊ အကြံ ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။