Tuesday, July 31, 2012

ရခိုင်နှစ်ပါတီပူးပေါင်းရေးမူဝါဒကအဓိကဟု ALDဘက်ကဆို


ရခိုင်တွင် အင်အားကြီးပါတီနှစ်ရပ်ဖြစ်လာသည့်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)တို့ ပူးပေါင်းရေးသည် ပါတီမုဝါဒတွင် အဓိကကျကြောင်းရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကပြောကြားလိုက်သည်။

ဇူလိုင် ၂၇ ရက်နေ့က စစ်တွေမြို့တွင်ပြုလုပ်ခဲ့သည့်ရခိုင်ဒီမိုကရေစီပါတီဗဟိုရုံးချုပ်ဆိုင်းဘုတ်တင်ပွဲအခမ်းအနားတွင်  သတင်းထောက်များမှရခိုင်ပါတီနှစ်ခုပေါင်းစည်းရေးမေးမြန်းမှုအပေါ်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မပြောကြားလိုက်ခြင်းဖြစ်သည်။

 ကွဲလွဲမှုနည်းနည်းရှိမယ်ထင်တယ်။သူတို့ကတော့တိုးတက်ရေးအပိုင်းကိုပြောတယ်ပေါ့နော်။ကျွန်တော်တို့ကတော့မဟုတ်ဘူး။ ကျွန်တော်တို့ပြည်နယ်တွေလွတ်လပ်တဲ့အစိုရးတစ်ခရပ်တည်ဖို့အတွကကျွန်တော်တို့ကတော့ပင်လုံမူကိုအခြေခံပြီးပြောတယ်’’ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းညိုကပြောသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းနိုင်ရေး အနေအထားသည်ပါတီ၏အဓိကဖြစ်သည့် ပါတီမူဝါဒကို အခြေခံပြီးမှ ပူးပေါင်းဖြစ်မည်ဟုဦးထွန်းညိုက ရှင်းပြသည်။

 ပူးပေါင်းတာကတော့ ရှင်းရှင်းပါပဲ၊ မူဝါဒပဲ၊ ဒါက ပူးပေါင်းဖို့၉၀ရာခိုင်နှုန်းလောက် ရှိတယ်။ ဒါပေမယ့်ကျွန်တော်တို့ မူကိုမှလက်မခံနိုင်ဘူးဆိုရင်ကျွန်တော်တို့ကတော့သွားလို့မဖြစ်ဘူးထင်တယ်ဟုဦးထွန်းညိုကဆက်ပြောသည်။

ရခိုင်ဒီမိုကရေစီပါတီသည် ၁၉၉၀ ပြည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်လွှတ်တော်ကိုယ်စားလှယ်နေရာ (၁၁)နေရာရခဲ့သည့် ပါတီတစ်ခုဖြစ်သည်။ပါတီဖျက်သိမ်းခံရပြီးနောက်၂၀၁၂ခုနှစ်မေလတွင်ပြန်လည် မှတ်ပုံတင်ခဲ့သည်။

၎င်းပါတီ၏မူဝါဒ(၅)ရပ်မှာ  ဒီမိုကရေစီရေး၊ တန်းတူရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ပြည်နယ်ပေါ်ပေါက်ရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးတို့ဖြစ်သည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင်လွှတ်တော်ကိုယ်စားလှယ်(၃၅) နေရာ အနိုင်ရခဲ့သည့် ရခိုင်အင်အားကြီးပါတီတစ်ခုဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်မှတ်ပုံမတင်မီကာလတွင်ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ ပေါင်းစည်းရန် ညိနှိုင်းမှုများရှိခဲ့ကြောင်းကိုလည်း သိရှိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် လက်ရှိတွင်မြို့နယ် (၄)မြို့နယ်၌ရုံးဖွင့်ထားပြီး (၁၀)မြို့နယ်ထိစည်းရုံးရေးဆင်းထားပြီး ချင်းပြည်နယ်ပလက်ဝမြို့တွင်လည်း ပါတီရုံးဖွင့်ထားသည့် ပါတီတစ်ခုဖြစ်သည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ပထမအကြိမ်ပါတီညီလာခံတွင်ပါတီ၏အထွေထွေအတွင်းရေှးမှူး ဦးဦးလှစောက ရခိုင်ဒီမိုကရေစီပါတီနှင့်ပေါင်းစည်းဖို့အလားအလာများကိုထည့်သွင်းပြောကြားခဲ့သလိုRNDPပါတီအတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးကလည်းရခိုင်ဒီမိုကရေစီပါတီနှင့်ပူးပေါင်းရန် ကမ်းလှမ်းမှုများ ရှိခဲ့ကြောင်းဇူလိုင်လ ၂၇ရက်နေ့က သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ပြောဆိုခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။