လှိုင်သာယာမြို့နယ် အမှတ် ( ၅ ) ရပ်ကွက်ရှိ မြရိပ်ညို ၅လမ်းမှစတင် လောင်ကျွမ်းခဲ့သည့်

မီးသည်၊့မြရိပ်ညို ၆လမ်း ၊ ၈ လမ်းနှင့် ၉ လမ်း တို့ရှိ လူနေအိမ်များကို ကူးစက် လောင်ကျွမ်းခဲ့ပြီး လူနေအိမ် ၄၀ ကျော် လောင်ကျွမ်း ပျက်စီးခဲ့ကြောင်း လှိုင်သာယာ မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျ မီးသတ် အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါလူနေ ၄၀ ကျော် လောင်ကျွမ်းခဲ့သည် မီးသည် ယနေ့ညနေ ၇နာရီ ခန့်တွင် စတင်လောင်ကျွမ်းခဲ့ ခြင်းဖြစ်ပြီး ၈နာရီ အချိန်တွင် မီးငြိမ်းကာ တစ်နာရီကြာ လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ “ဘာကြောင့် မီးလောင်တယ် ဆိုတာမသိရသေးဘူး “ ဟု ၄င်းကဆိုသည်။ အဆိုပါ ရပ်ကွက်တွင် လှိုင်သာယာ စက်မှုဇုံ အလုပ်သမားများ နေထိုင်သည့် အဆောင်များရှိပြီး ၊ လှိုင်သာယာ စက်မှုဇုန် ၂ အနီးနား မှာရှိကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူများက ဆိုသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။