Thursday, March 9, 2017

ဘားအံမြို့ ပြည်​တွင်းအခွန်​များ ဦးစီးဌာန ဒုဦးစီးထံမှ WY​ဆေးပြားများ ဖမ်းရမိ


ကရင်​ပြည်​နယ်​၊ ဘားအံမြို့တွင်​ မတ်​လ(၅)ရက်​​နေ့က ပြည်​တွင်း အခွန်​များဦးစီးဌာနရုံး ဒုဦးစီးမှူးတစ်​ဦးထံမှ WY စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး စစ်​ဆေး​ပေါ်​ပေါက်​ချက်​အရ ကွင်းဆက်​များကိုပါ WY​ဆေးပြားနှင့်အတူ ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့​ကြောင်း သတင်းရရှိသည်​။

ဖြစ်​စဉ်​မှာ မတ်​လ(၅)ရက်​​နေ့ နံနက်​(၁၀)နာရီ အချိန်​ခန့်​တွင်​ ဘားအံမြို့မရဲစခန်းမှ နယ်​ထိန်း​ခေါင်း​ဆောင်​ဒုရဲအုပ်​​အောင်​မျိုး​ကျော်​ ဦးစီးနယ်​ထိန်းတပ်​ဖွဲ့ဝင်​များ၊ ဘားအံခရိုင်​မှုခင်းနှိမ်​နင်း​ရေးအဖွဲ့မှ ဒုရဲအုပ်​ပုလဲမြ ဦးစီးသည့် တပ်​ဖွဲ့ဝင်​များ၊ ပြည်​နယ်​မှုခင်းအကူဌာနစုမှ ဒုရဲအုပ်​​အောင်​​ကျော်​သူဦးစီးတပ်​ဖွဲ့ဝင်​များ ပါဝင်​​သော ပူး​ပေါင်းအဖွဲ့မှ မူးယစ်​​ဆေးဝါးသတင်းအရ သက်​​သေဦးမြင့်သန်း၊ ဦးတင်​ထွန်း​အောင်​တို့နှင့်အတူ ဘားအံမြို့၊ အမှတ်​(၄)ရပ်​ကွက်​၊ သီရိလမ်းရှိ ပြည်​တွင်းအခွန်​ဦးစီးဌာနရုံးမှ ထွန်း​ဇော်​၊ ၄၂နှစ်​၊(ဘ)ဦးလှညွန့်​၏ အိပ်​ခန်း​ဆောင်​အား ဝရမ်းဖြင့် ၀င်​​ရောက်​ ရှာ​ဖွေရာမှ ထွန်း​ဇော်​နှင့်အတူ ​ကျော်​​ကျော်​ထိန်​လင်း ၊၃၇နှစ်​၊ (ဘ)ဦး​မောင်​မြင့်​လေး၊​ ရွှေဘို​ကျောင်းလမ်း၊ အမှတ်​(၃)ရပ်​ကွက်​၊ ဘားအံမြို့​နေသူတို့အားWY​ဆေးပြား(၁၆)ပြားနှင့် ​ဆေးရှူရာတွင်​ အသုံးပြုသည့် စပ်​ဆက်​ပစ္စည်းများ ရှာ​ဖွေ​တွေ့ရှိ၍ သက်​​သေများ​ရှေ့တွင် ဒုရဲအုပ်​​အောင်​မျိုး​ကျော်​မှ ရှာ​ဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်​။




ထို့​နောက်​ပူး​ပေါင်းအဖွဲ့မှ စစ်​​ဆေး​ပေါ်​ပေါက်​ချက်​အရ ဘားအံမြို့၊ အမှတ်​(၁)ရပ်​ကွက်​၊ ​ဆေးရုံလမ်း​နေမင်းမိုးဝင်း၊၂၃နှစ်​၊ (ဘ)ဦးချစ်​တင်​ထံမှ ဝယ်​​ရရှိခဲ့ခြင်း ဖြစ်​​ကြောင်း​ ပေါ်​ပေါက်​သဖြင့် အဆိုပါ ​နေအိမ်​အားပူးပေါင်းအဖွဲ့မှ သက်​​သေများနှင့်အတူ ဝရမ်းဖြင့် ရှာ​ဖွေရာမှ WY​ဆေးပြားဝါးမ​တွေ့ရှိဘဲ ၎င်းမူးယစ်​ဆေးဝါး ​ရောင်းချရာတွင်​ အသုံးပြုသည့် ဟာ​ဝေးအမျိုးအစား ဆင်​ကတ်
ပါလက်​ကိုင်​ဖုန်းအား ရှာ​ဖွေ​တွေ့၍ ဒုရဲအုပ်​​အောင်​မျိုး​ကျော်​မှ တရားလိုပြုလုပ်​ကာ ဘားအံမြို့မရဲစခန်း မယ(ပ)၂၃/၂၀၁၇ မူးစိတ်​ပုဒ်​မ ၁၅/၁၆(ဂ)/၂၁ဖြင့် အမှု​ရေးဖွင့် ခဲ့သည်​။

ဆက်လက်၍ ပူး​ပေါင်းအဖွဲသည်​ မိုးမင်းဝင်းအား စစ်​​ဆေးရာ ဘားအံမြို့နယ်​၊ မြိုင်​က​လေး​ကျေးရွာအုပ်​စု၊ တန်​(၄၀၀၀)ဘိလပ်​​မြေစက်​ရုံဝင်း​နေ ကုလားမ(ခ)စိုးစံ၊၂၈နှစ်​ ထံမှ ဖုန်းဖြင့် ဆက်​သွယ်​ ဝယ်​ယူခဲ့​ကြောင်း စစ်​​ဆေး​ပေါ်​ပေါက်​သဖြင့် သတင်းအတည်​ပြုချက်​ ရယူခဲ့ရာ ကုလားမ(ခ) စိုးစံမှာ ဘားအံမြို့၊ ​တောင်​ကလေး​ကျေးရွာရှိ အဲဗားဂရင်းစား​သောက်​ဆိုင်​တွင်​ ​ရောက်​ရှိ​နေ​ကြောင်း သိရ၍ သက်​​သေများနှင့်အတူ သွား​ရောက်​ဖမ်းဆီးခဲ့သည်​။

ထို့​နောက်​ပူး​ပေါင်းအဖွဲ့မှ ၎င်း​မောင်းနှင်​လာသည့် နံပါတ်​မပါ CBR အမျိုးအစား ဆိုင်​ကယ်​အားသက်​​သေများ​ရှေ့ ရှာ​ဖွေခဲ့ရာ အနီ​ရောင်​တိပ်​ဖြင့် ပတ်​ကာအပြာ​ရောင်​ ကပ်​ခွာအိတ်​ဖြင့်ထည့်ထား​သော WY စာတမ်းပါ စိတ်​ကြွ​ဆေးပြား(၂၇၂)ပြား၊ ​ငွေစက္ကူ​ရောရာ (၅၀၀၀၀)ကျပ်​၊ ​ဆေးရှူ ရာတွင်​ အသုံးပြုသည့် ဆက်​စပ်​ပစ္စည်းများနှင့်အတူ ၎င်းကိုင်​​ဆောင်​ထားသည့် VIVOအမျိုးအစား ဆင်းကတဒ်​ပါ အဖြူ​ရောင်​လက်​ကိုင်​ဖုန်း တစ်​လုံးတို့အား သက်သေများရှေ့တွင် ရှာ​ဖွေ​တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဒုရဲအုပ်​​အောင်​မျိုး​ကျော်​မှ တရားလိုပြုလုပ်​ကာ အမှုဖွင့် အ​ရေးယူထားပြီး ကွင်းဆက်​ တရားခံ​ဖေါ်ထုတ်​ ဖမ်းဆီးရမိ​ရေး ဆက်​လက်​စစ်​​ဆေး​ဆောင်​ရွက်​ လျက်​ရှိ​ကြောင်း သိရသည်​။

မင်းသူ၊ထွန်းထွန်းထွေး (ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။