
သီရိမင်္ဂလာဈေးအတွင်းရှိ
လျှောက်လမ်းများတွင် ဆိုင်ခန်းများနှင့်ဈေးသည်များက
ကျူးကျော်ခင်းကျင်းရောင်း ချမှုများအား အရေးယူအားနည်းသဖြင့် ဈေးအတွင်း
အ၀င်အထွက်ပြုလုပ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။
“ဈေးမှာလမ်းက
ကျင်းပါတယ်ဆိုမှ သတ်မှတ်ထားတဲ့ ဆိုင်ခန်းနေရာထက် လမ်းပေါ်တွေမှာ
ခင်းပြီးရောင်းတော့ လမ်းလျှောက် လို့လည်း မလွတ်၊ ကားဝင်ထွက်ဖို့လည်း
အဆင်မပြေဘူး။ ကျူးကျော်တာတွေကိုလည်း စည်ပင်က အရေးမယူပဲ ဈေးခွန်ကောက်ပြီး
ရောင်းခွင့်ပေးတော့ လမ်းတွေ ပိတ်ကုန်တယ်” ဟု မြတ် သစ်သီးပွဲရုံမှ
ကိုသန်းထွေး ကပြောသည်။
စည်ပင်ဝန်းထမ်းများအနေဖြင့်
ကျူးကျော်ဈေးသည်များအား ကျပ်(၂၀၀)မှ (၅၀၀)အထိ ယူဆောင်၍
အ၀င်အထွက်လမ်းများတွင် ဈေးသည် များအား ဈေးဘမ်းခင်းကျင်းရောင်း
ချစေကြောင်းကိုလည်း တွေ့ရှိရသည်။
သိရီမင်္ဂလာဈေးဟောင်း
(ကြည်မြင်တိုင်)မှ ဈေးသစ် (ပိထောက်ချောင်း)သို့ ၂၃.၁၂.၂၀၁၀ ခုနှစ်တွင်
စတင် ပြောင်းရွေ့ခြဲ့ပီး၊ ဈေးသစ်တွင် ဈေးရုံပေါင်း (၉)ရုံရှိကြောင်း၊
လက်ရှိတွင် ဈေးရုံတွင်းသို့ ဈေးဝယ်ယာဉ်များ၊ ဈေးဝယ်သူများ၊ ကုန်စည်ဒိုင်
ဖွင့်ထားသူများအနေဖြင့် လမ်းများပိတ်ဆို့ခြင်းများကြုံတွေ့နေရကြောင်း
ပွဲရုံပိုင်ရှင် များကဆိုသည်။
“ဈေးဝယ်တဲ့ကားတွေ
ဝင်ဖို့ထွက်ဖို့လည်း ခက်တယ်။ ကျွန်တော်တို့ ဆိုင်တွေကို ကားသေးလေးတွေ
ဝင်ရင် လည်း ပျံကျဈေးသည်တွေ ပိတ်နေတဲ့အတွက် (၆)နာရီဝင်ရမယ့် ကားက
(၈)နာရီလောက်မှ ၀င်လို့်ရတယ် အဲ့ဒီလို အချိန်လင့် သွားတော့ ကုန်တွေ အလေ
အလွင့်ဖြစ်ကုန်တယ်”ဟု ရွှေမြင့်မိုရ် သစ်သီးပွဲရုံမှ ကိုကျော်သူ က ပြောသည်။
ဈေးဟောင်း၌
အရောင်းဝယ်ပြုလုပ်ရာတွင် ကောင်းမွန်ခဲ့သော်လည်း ယခုဈေးသစ်တွင်
အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရပြီး၊ ဈေးသစ်သည် လမ်းမကြီးနှင့်
ဝေးကွာခြင်း၊ လျှပ်စစ်မီးတွင် လုံခြုံရေးမီးသာရရှိခြင်း၊ သောက်
သုံးရေမရရှိသဖြင့် ၀ယ်ယူသုံးစွဲရခြင်း၊ ပွဲရုံတွင်း ကားအ၀င်
အထွက်ခက်ခဲခြင်း၊ ဆက်သွယ်ရေး အခက်အခဲများရှိနေကြောင်း ဈေးသူဈေး
သားများကဆိုသည်။
“အ၀င်အထွက်က
တော်တော်လေးခက်တာတွေ့တယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ဈေးလာဝယ်တာ ပွဲရုံကနေ
ကားဂိတ်ကို ပစ္စည်းသယ်တာ ဆိုက်ကားခ (၇၀၀)(၈၀၀)လောက်ပေးရတယ်။ ပစ္စည်းသယ်ဖို့
ကားသေးလေး တောင် ၀င်လို့မရဘူး” ဟု မြောက်ဥက္ကလာပမြို့နယ်မှ သီရိမင်္ဂလာဈေး၌
ကုန်စိမ်းဝယ်ယူရောင်းချနေသူ ကိုသန်း ငွေက ပြောသည်။
အဆိုပါဈေးသစ်တွင်
ဆိုင်ခန်းပေါင်း (၂၀၀၀)ထောင်ကျော်ရှိပြီး၊ ဆိုင်ခန်းအကျယ်များအား ၅ပေ×
၈ပေ၊ ၈ပေ× ၂၁ပေ၊ ၈ပေ× ၂၅ပေဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။