Friday, May 18, 2012

 မိမိတို့ပိုင်နက်တွင် တရုတ်က ငါးဖမ်းမှု ပိတ်ပင်ထားခြင်းကို ဗီယက်နမ်ကန့်ကွက်

တောင်တရုတ်ပင်လယ်ရှိ မိမိတို့  ပိုင်နက်တွင် တရုတ်က ငါးဖမ်းမှုပိတ် ပင်ထားမှုအား ဗီယက်နမ်က ကန့်ကွက် ထားကြောင်း သိရသည်။

တရုတ်၏ ပိတ်ပင်ထားသည့် ဆုံးဖြတ်ချက်မှာ တရားမ၀င်ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Luong Thanh Nghi ၏ ပြောကြားချက်ကို ယင်းဌာန ၀က်ဘ်ဆိုက်တွင် မေလ ၁၅ရက်နေ့က ထုတ်ပြန်ခဲ့သည်။

တရုတ်က တောင်တရုတ်ပင်လယ်တွင် ရာသီအလိုက် ငါးဖမ်းခြင်း ပိတ်ပင်မှု ပြုလုပ်လေ့ရှိရာ မေလ ၁၆ ရက်တွင် စတင်ခဲ့ပြီး ယင်းရာသီအတွင်း ငါးဖမ်းခွင့်ရမည် မဟုတ်ပေ။ တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုများကို ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင် ၀မ်တို့ကလည်း ပိုင်ဆိုင်သည်ဟု အသီးသီး ကြေညာထားသည်။ ယင်းပင်လယ်တွင် ရေနံနှင့်ဓာတ်ငွေ့၊ ငါးသယံဇာတများ ပေါကြွယ်ဝကြောင်း သိရသည်။

အငြင်းပွားဖွယ် ရေပိုင်နက်နှင့်ပတ်သက်၍ ဗီယက်နမ်နှင့် တရုတ်တို့သည် မကြာသေးမီက စေ့စပ်ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း ဖိလစ်ပိုင်နှင့် တရုတ်တို့အကြား Shoal ကျွန်းစုနှင့်ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်နေသည်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။