
တစ်သက်တာစာပေဆုရ ဦးမောင်မောင်ခင်(တက္ကသိုလ်မောင်မောင်ခင်)ကို ဆုချီးမြှင့်စဉ်
အဆိုပါ ဆုချီးမြှင့်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စာရေးဆရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၁ ခုနှစ်အတွက် ပခုက္ကူ ဦးအုံးဖေတည်ထောင်သောပခုက္ကူ စာပေဆုများတွင် တစ်သက်တာစာပေ ဆု၊ ပခုက္ကူဦးအုံးဖေစာကြည့်တိုက် စာအုပ်ဆု၊ ကဗျာပေါင်းချုပ်ဆု၊ ၀တ္ထု ရှည်ဆု၊ ၀တ္ထုတိုပေါင်းချုပ်ဆု၊ ကျမ်း စာပေဆု၊ သုတေသနစာပေ ဆုများနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များမှ ပညာသင်ဆုရသူ များ၊ ဘာသာရပ်အလိုက် ထူးချွန်ဆု ရရှိသည့် ၂၀၁၁ ခုနှစ် တက္ကသိုလ် စာမေးပွဲအောင်မြင်ပြီးသူများ၊ မြန်မာစာ ထူးချွန်ဆုရရှိသည့် မြန်မာစာ အဓိကဖြင့် တက္ကသိုလ်တက်ရောက်နေသူများကို အသီးသီးဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်အတွက် တစ်သက်တာ စာပေဆုကို စာရေးဆရာကြီး ဦးမောင်မောင်ခင် (တက္ကသိုလ် မောင်မောင်ခင်)ကလည်းကောင်း၊ ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုကို ဒီမိုကရေစီနိုင်ငံနှင့် စတုတ္ထမဏ္ဍိုင် စာအုပ်ဖြင့် ခင်မောင်မြင့်(စစ်ကိုင်း)က လည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။ ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုကို ၁၉၉၄ ခုနှစ်မှစ၍ ပခုက္ကူဦးအုံးဖေ စာပေဆုအမည်ဖြင့် ပေးအပ်ခဲ့ပြီး ဦးအုံးဖေ ကွယ်လွန်ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေ ဆုအမည်သို့ ပြောင်းလဲ ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။