Friday, May 18, 2012

စစ်တွေဈေးကွက်တွင် ပုစွန်အ၀င်နည်း၍ ဈေးနှုန်းကျဆင်း

 









မေလအတွင်းတွင် ရခိုင်ပြည်နယ်ဒေသအသီးသီးမှ တင်သွင်းသော ပုစွန်များ အ၀င်နည်းလျက်ရှိသောကြောင့် ဈေးကျလျက်ရှိကြောင်း စစ်တွေမြို့ရှိ ပုစွန်အ၀ယ်ဒိုင်များက သိရှိရသည်။

 
“ဒီလမှာ  ဈေးနှုန်းကျသွားတယ် ဆိုတာက နယ်က အ၀င်နည်းသွားတယ်၊   အရင်က အကြီးဆိုဒ် တိုက်ဂါး(ကျား)ပုစွန် တစ်ပိဿာဆိုရင်  ၁၈၅၀၀ လောက်ရှိတယ်၊ အခု ၅၀၀ ကျသွား တယ်၊”ဟု စစ်တွေမြို့ပုစွန်အ၀ယ်ဒိုင်တစ်ခုမှ ကုန်သည်တစ်ဦးက ပြောသည်။
 
ရခိုင်ပြည်နယ်တွင် ပုစွန်များအား သဘာဝအလျောက်မြစ်ချောင်းအင်းအိုင်များမှ ဖမ်းဆီးလျက်ရှိရာ တိုက်ဂါး ပုစွန်ဈေးကွက်မှာ   ပြည်ပသို့တင်ပို့မှု အများဆုံးဖြစ်သည်။
 
ယခင်လက တိုက်ဂါး ပုစွန်ဈေးကွက်မှာ ဆိုဒ်ကြီး  တစ်ပိဿာလျှင်  ၂၅၀၀၀ ကျပ်၊  ဆိုဒ်လတ်  ၁၈၅၀၀ ၊ဆိုဒ်ငယ်  တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်၊ ၁၁၅၀၀ကျပ်နှင့် ၈၀၀၀ ကျပ်ဟူ၍ အသီးသီးရှိခဲ့ပြီး ယခုလတွင် တစ်ပိသာာလျင် ဈေးနှုန်း ကျပ်(၅၀၀)ကျော် ကျဆင်းသွားခြင်းဖြစ်သည်။
 
“တစ်ပိဿာကို အရင်က အကြီးဆိုဒ်ဆိုရင်၂၅၀၀၀ရှိခဲ့တယ် ၊ အခုအလတ်ဆိုင်ကတော့(၁၈၀၀၀)ကျပ်ဘဲ ရှိတယ်၊  ဈေးကွက်က တည်ငြိမ်မှုမရှိဘူး အတက်အကျများတယ်’’ဟု ပုစွန်ဒိုင်သမား ကိုမောင်ကြီးက က ပြောပြသည်။
 
စစ်တွေဈေးကွကို့ ပုဏ္ဏားကျွန်း၊ပေါက်တောစသည့်မြို့နယ်များက ပုစွန်များ တင်သွင်းကြပြီး စစ်တွေမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လေ့ရှိသည်။
 
တရုတ်ပြည်ဘက်သို့လည်း တင်ပို့မှုရှိသော်လည်း ရခိုင်နှင့်နယ်မြေချင်း ထိစပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့သာ  အဓိကထား၍ တင်ပို့ကြသည်။
 
ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းပြီးလျှင် ရေလုပ်ငန်းသည် ဒုတိယဖြစ်ပြီး ယခင်က ဈေးကွက် အား ကောင်းခဲ့သော်လည်း လက်ရှိအနေအထားတွင် ရေထွက်ကုန်လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းအချို့ ရပ် ဆိုင်းထားသည် ကိုတွေ့ရသည်။
 
စစ်တွေမြို့တွင်ရှိသော အအေးခန်းစက်ရုံများလည်း ရေထွက်ကုန်ကြမ်း အဝင်နည်းပါးနေသဖြင့် လုပ်ငန်း အများစုမှာ လည်ပတ်မှုအား နည်းပါးနေကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။