Friday, May 18, 2012

အလုပ်ရှင်အလုပ်သမားပြဿနာများအား အဖြေရှာသင့်ပြီဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များပြောဆို

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော အလုပ်သမားအခြေခံလစာတိုးမြင့်တောင်းဆိုမှုများနှင့် ပတ်သတ်၍ အဖွဲ့အစည်းများအနေဖြင့် ၀ိုင်းဝန်းအဖြေရှာသင့်ပြီဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများက ဆိုသည်။

 
အလုပ်သမားဘက်ကမှန်ပါတယ်။ ဒါပေမယ့် အလုပ်ရှင်ဘက်ကလည်း အခက်အခဲရှိနိုင်တယ်။ ဒီနှစ်ခုရဲ့ကြားမှာ အဖွဲ့အစည်းတွေ အနေနဲ့ ၀င်ရောက်အဖြေရှာသင့်တယ်။ပာု စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင်ရွှေက ပြော သည်။
 
လက်ရှိအချိန်၌ အလုပ်သမားများ၏ ရပိုင်ခွင့်မှာ အလွန်နည်းပါးလျက်ရှိကြောင်း၊ သို့သော် အလုပ်ရှင်များ၏ ၀င်ငွေနည်းပါးပါက တိုးမြှင့်ပေးနိုင်ရန် အခြေအနေနည်းပါးနေသေးကြောင်း၊ ထိုကြောင့် အလုပ်သမား သမဂ္ဂ များအနေဖြင့် ၀င်ရောက် ကူညီ   ပေးသင့်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
 
အလုပ်ရှင်များအနေဖြင့် ယခုလက်ရှိအခြေအနေ၌ လုပ်ငန်းအားမကောင်းသေးသဖြင့် အလုပ်သမားများ၏ စားဝတ်နေရေးအရ အလုပ်မပျက်စေရန်သာ အင်အားရှိကြောင်း လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
 
“အန်တီတို့ငါးလုပ်ငန်းအပိုင်းမှာ စက်ရုံတွေအနေနဲ့ အခက်အခဲရှိတယ်။ ၀င်ငွေကျလို့ ပိတ်မလိုဖြစ်နေတဲ့ စက်ရုံတွေ မနည်းဘူး။ ဒီတော့ အလုပ်သမားကို ဘယ်လိုမှ လစာမတိုးပေးနိုင်ဘူး။အလုပ်မပျက်အောင်ဘဲ လုပ်ပေးနိုင်တယ်”ပာု ANAWA DEVI Fishing & Genaral Trading Co, က ဒေါ်တိုးနန္ဒာတင်က ပြောသည်။
 
အလုပ်သမားများ၏ အခွန်ငွေများအား ပေးဆောင်လျက်ရှိသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင်(၁၀)ခု ခန့်ရှိကြောင်း သိရှိရသည်။
 
 တချို့ company တွေမှာဆို အလုပ်သမားတွေက သူတို့ဘာသာသူတို့ အခွန်ဆောင်နေရတယ် ဆိုတာ တောင် မသိကြပါဘူး။   ကောင်းတဲ့ အလုပ်ရှင်တွေလည်း ရှိပါသေးတယ်။” MHR ကျောင်းအုပ်ကြီး ဆရာ ဦးအေးကျော်က ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။