Friday, May 18, 2012

ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အစည်းအဝေးပြုလုပ်

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင်  ပထမအကြိမ်စတုတ္တပုံမှန်အစည်းဝေး၌ တင်ပြမည့် ရန်ကုန်တိုင်းဒေသ ကြီး အတွင်းရှိ  ပြည်သူတို့၏အခက်အခဲများနှင့်ပတ်သက်၍ လွတ်တော်ကိုယ်စားလှယ်များက မေ(၁၇)ရက်နေ့တွင် အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။  

 
 “ကိုယ်စားလှယ်တွေအနေနဲ့ မိမိဒေသခံပြည်သူတွေ ဘာတွေလိုအပ်တယ်။ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ ရတယ် ဆိုတာတွေ ကို လေ့လာထားဖို့အတွက် လွတ်တော်တွင်း တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတာပါ” ဟု ရန်ကင်းမြို့နယ်   ပြည်သူလွတ်တော်ကိုယ်စားလှယ် (တိုင်းဒေသကြီး အတွင်းရေးမှူး) ဦးသာဌေးက ပြောသည်။
 
ယခုကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းအစည်းအဝေးတွင် လွတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒေသခံ ပြည်သူများ၏ အခက်အခဲများအား လေ့လာထားပြီး၊ ပြည်ထောင်စုလွတ်တော်မှ ပထမအကြိမ် စတုတ္တ ပုံမှန်အစည်းဝေးမခေါ်မှီ မိမိ လေ့လာ ထားသော ပြည်သူများ၏ အခက်အခဲများကို တင်ပြကာ လွတ်တော် အတွင်းမှ မည်သို့ဆွေးနွေးတင်ပြရမည်ကို ထပ်မံဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
“ကျွန်တော်တို့အနေနဲ့တော့ ဘယ်ပါတီဘယ်အဖွဲ့စည်းကပဲဖြစ်ဖြစ် ရပ်ကွက်မြို့ရွာတိုးတက်ဖို့အတွက်လုပ်ပေး နေတာကို အားလည်း အားပေးတယ်။ တစ်ဦးတစ်ယောက်ထဲက လုပ်မှာထက်စာရင် ၀ိုင်းဝန်းလုပ်ကိုင်တာ ပိုမို ထိရောက်ပြီး တိုးတက်နိုင်မူမြန်တာပေါ့။ လွတ်တော်တွင်းမှာလဲ ဘယ်လိုအဖွဲ့စည်းကပဲတင်ပြလာတာပဲ ဖြစ်ဖြစ် အများအကျိုးရှိတဲ့ အဆိုမျိုးကို လက်ခံပြီး အတူတူ ၀ိုင်းကူဆောင်ရွက်တာ ပိုကောင်မယ်လို့မြင်ပါတယ်” ဟု   ဒဂုံမြို့သစ်မြောက်ပိုင်း (၄၃) ရပ်ကွက်မှ ဦးသိန်းဝင်းက ပြောသည်။
 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မေလ (၁၇)ရက်နေ့ ဆရာစံလမ်းနှင့် အနောက်မြင်းပြိုင်ကွင်းလမ်း   ထောင့်ရှိ   ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ရုံးချုပ်တွင် နံနက် (၉) နာရီတွင် ပြုလုပ်ခဲ့ပြီး  ပြည်သူလွတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွတ်တော်ကိုယ်စားလှယ်(၂၀) ဦး တက်ရောက်ခဲ့သည်။
 
လက်ရှိရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွတ်တော် ကိုယ်စားလှယ် (၈)ဦး၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်(၃၇)ဦး ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။