Friday, May 18, 2012

 တောင်ဆူဒန်တွင် လူဦးရေ၏ ထက်ဝက်ကျော် စားနပ်ရိက္ခာ ပြတ်လပ်နေကြောင်း ကုလသတိပေး

ဆူဒန်နှင့် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေမှုကြောင့် တောင်ဆူဒန်လူဦးရေ၏ ထက်ဝက်ကျော်သည် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက သတိပေးခဲ့သည်။
ဆူဒန်နှင့် တောင်ဆူဒန်နယ်စပ်တွင် ပဋိပက္ခများ ဖြစ်ပွားနေမှုကြောင့် ရေနံ ထုတ်လုပ်မှုကိုထိခိုက်ခဲ့ပြီး တောင်ဆူဒန်၏ စီးပွားရေးကို အထိနာစေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ယမန်နှစ် ဇူလိုင်လက ဆူဒန်မှ ခွဲထွက်ခဲ့သော တောင်ဆူဒန်၏ အခြေအနေသည် ပိုမို ဆိုးရွားလာမည်ကိုလည်း စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်၏ သုတေသနများအရ ၂၀၁၂ ခုနှစ် ပထမလေးလတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုသည် ဆိုးရွားလာခဲ့ပြီး လူ ၄ ဒသမ ၇ သန်းခန့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက လူသားချင်း စာနာထောက်ထားမှုရေးရာရုံးက ပြောကြားခဲ့သည်။ ဆူဒန်နှင့် နယ်စပ်ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လောင်စာပြတ်လပ်မှုမှာလည်း ပိုမိုဆိုးရွားလာနေပြီး စီးပွားရေးပြဿနာများကို နက်ရှိုင်းစေခဲ့သည်။ တောင်ဆူဒန်၏ စီးပွားရေးသည် ရေနံကို မှီခိုနေရပြီး ၀င်ငွေ၏ ၉၈ ရာခိုင်နှုန်းကို ရေနံမှရရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။