
ပြည်တွင်းဘဏ်အချင်းချင်း
ချိတ်ဆက်ပေးထားသော ကွန်ရက်တစ်ခုဖြစ်သည့် MPU စနစ်အား လာမည့် ဇူလိုင်တွင်
စတင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က သတင်းရရှိသည်။
အဆိုပါ
စနစ် စတင်လည်ပတ်ပါက ATM, Credit Card, Debit Card
ကိုင်ဆောင်သူများအနေဖြင့် စတိုးဆိုင်ကြီးများ၊ စားသောက်ဆိုင်များတွင်
ငွေပေးချေမှုများကို ဘဏ်ကတ်များဖြင့် အသုံးပြုပေး ချေနိုင်မည်ဖြစ်ပြီး
ဘဏ်တစ်ခု၏ ကတ်ဖြင့် အဆိုပါစနစ်အတွင်းရှိ အခြားဘဏ်များတွင် ငွေထုတ်ယူ
နိုင်မည်ဖြစ်သည်။
ဘဏ်အားလုံးတွင်
ကဒ်စနစ်အသုံးပြုကာ ငွေထုတ်ယူခြင်း၊
ငွေလွှဲပြောင်းခြင်းများပြုလုပ်နိုင်မည့် MPU စနစ်အား ယခုလကုန်ပိုင်းတွင်
စတင်စမ်းသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာငွေပေးချေမှု အဖွဲ့ (Myanmar
Payment Union)က သိရှိရသည်။
“MPU
စနစ်က ဆောင်ရွက်ဖို့အတွက် Data Center တစ်ခုကိုလည်း တည်ဆောက်ရမှာ
ဖြစ်ပါတယ် ကျွန်တော်တို့ ဇူလိုင်လောက်မှာ စတင်အသုံးပြုနိုင်မှာပါ” ဟု MPU
တာဝန်ရှိသူတစ်ဦးကပြောသည်။
MPU စနစ် ပါဝင်သော ဘဏ်များအနေဖြင့် ကိုယ်ပိုင် Network များနှင့် Data Center ချိတ်ဆက်မှု အား လက်ရှိတွင် ပြီးစီးနေပြီ ဖြစ်ကြောင်း ချိတ်ဆက်၍ MPUစနစ်အား စမ်းသပ် ဆောင်ရွက်နေကြာင်း သိရှိရသည်။
ယခုလက်ရှိ
သုံးစွဲလျက်ရှိသော ATM ကဒ်များသည် ဘဏ်တစ်ခုမှ တစ်ခုသို့ ပြောင်လဲအသုံးပြု၍
မရ နိုင်ကြောင်းနှင့် အဆိုပါ MPU စနစ်မှာ ATM ကဒ်စနစ်ထက်
ငွေကြေးသုံးစွဲရာတွင် ပိုမိုအဆင်ပြေ စေမည့့်  Chip ကဒ်စနစ်အား ပြောင်းလဲ
သုံးစွဲထားခြင်းဖြစ်သည်။
အဆိုပါ
စနစ်သုံး Chip ကဒ်တွင် ပါဝင်သည့် ငွေကြေးများအား MPU စနစ် အသုံးပြုထားသော
ဘဏ်အားလုံးတွင် ထုတ်ယူနိုင်ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်(၁၃)ခုနှင့်
အစိုးရဘဏ် (၃)ခုတို့တွင် အဆိုပါစနစ်အား အသုံးပြုနိုင်မည်ဖြစ်သည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။