Friday, May 18, 2012

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ၀ါရှင်တန်ဒီစီတွင် တွေ့ဆုံဆွေးနွေးမည်

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့သည် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီတွင် မေလ ၁၇ ရက်နေ့တွင် တွေ့ဆုံဆွေး နွေးမည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အမေရိကန်ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့မှုများကို ပြင်ဆင်နိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်အပါအ၀င် သက်ဆိုင်သူ အားလုံးနှင့် ဆောင်ရွက်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ပတ်ထရစ်ခ်မာဖီက မကြာသေးမီက ပြောကြားထားပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှုများသည် ပြည်ထောင်စု ဥပဒေ၊ သမ္မတအမိန့် အစရှိသဖြင့် ရှုပ်ထွေးလှကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။


မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ အရေးယူပိတ်ဆို့မှုများ ထပ်မံဖြေလျော့ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်းနှင့် လာမည့် ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်တစ်ဦးကို ခန့်အပ်နိုင်ဖွယ် ရှိကြောင်း . . .
ပတ်ထရစ်ခ်မာဖီက ၀ါရှင်တန်အနေဖြင့် မြန်မာအစိုးရနှင့်ထိတွေ့ ဆက်ဆံမှုကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ အရေးယူပိတ်ဆို့မှုများ ထပ်မံဖြေလျော့ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်းနှင့် လာမည့် ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ    အမတ်တစ်ဦးကို ခန့်အပ်နိုင်ဖွယ်ရှိကြောင်း ပြောကြားထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား အမေရိကန် ပြည်ထောင်စုသို့ လာရောက်လည်ပတ်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖိတ်ခေါ်ခဲ့ကြောင်း ဧပြီလ ၄ ရက်နေ့တွင် အမေရိကန်အစိုးရ အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာအစိုးရ အဖွဲ့ဝင်အချို့နှင့် လွှတ်တော်ကိုယ်စားလှယ်များ အမေရိကန်ပြည်ထောင်စုသို့ လာရောက်နိုင်အောင် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ အနောက်နိုင်ငံများက ဖြေလျော့ဆိုင်း ငံ့မှုများ ပြီးခဲ့သည့်လများအတွင်း ပြုလုပ်ခဲ့ကြသလို ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံမှ ရရှိရန်ရှိသည့် ကြွေးမြီများအနက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကို လျော်ပစ်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။