Friday, May 18, 2012

သမ္မတအနေဖြင့် ရှိပြီးသား ပြည်ပရင်းနှီးမြှပ်နှံသူများကိုလည်း ဂရုပြုစေလို

 










နိုင်ငံတော်သမ္မတကြီးအနေဖြင့် ယခုအချိန်တွင် ပြည်ပမှရင်းနှီးမြှပ်နှံမှုများကို ၀မ်းသာစွာကြိုဆိုနေသကဲ့သို့   ပြည်တွင်း၌ ရှိပြီးသား ပြည်ပရင်းနှီးမြှပ်နှံမှုများကိုလည်း ဂရုစိုက်သင့်ကြောင်း ငါးလေလံစီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

 
 “ကျွန်တော်အနေနဲ့ ဒီငါးလေလံဈေးကွက် ဖွင့်ထားတာ(၁၁)နှစ်ရှိပါပြီ၊ ဒါပေမဲ့ ဒီလေလံဈေးမှာ ငါးတွေရောက် မလာလို့ အလုပ် မဖြစ်ခဲ့ပါဘူး၊ ကျွန်တော်ဒီ ငါးလေးလံဈေးဖွင့်ဖို့ ဒေါ်လာ(၁၀)သန်းလောက်ရင်းနှီးထားရပါတယ် သမ္မတကြီးအနေနဲ့  ကျွန်တော် တို့ကိုလည်း ပြန်ကြည့်သင့်တယ်လို့ကျွန်တော်ထင်တယ်”ဟု တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ငါးလေလံဈေးကွက်ဖွင့်ထားသူ Myanmar Fisheries International Joint Venture Limitedမှ မန်နေးဂျင်းဒါရိုက်တာ Jean Pichon ကပြောသည်။
 
ငါးလေးလံဈေးကွက်တည်ဆောက်မှုသည် ပြည်ပရင်းနှီးမြှပ်နှံမှုဖြစ်သော်လည်း ငါးမရရှိခြင်းကြောင့် တနင်္သာရီ တိုင်းမှ   မြန်မာ   နိုင်ငံသားများသည် ထိုင်းနိုင်ငံ ရနောင်မြို့တွင်ရှိသော ငါးလေလံဈေးတွင် သွားရောက်အလုပ်လုပ် ကိုင်နေကြကြောင်းကိုလည်း သိရှိရသည်။
 
တနင်္သာရီတိုင်းရှိ မြိတ်ငါးလေလံဈေးမှာ ဆောက်လုပ်မှု မပြီးစီးခြင်း၊ ဋ္ဌာနဆိုင်ရာဘက်မှ ပံ့ပိုးမှုအားနည်းခြင်း ကြောင့် ငါလေလံဈေးကွက်မှာ လက်ရှိအချိန်အထိ မလည်ပတ်နိုင်သေးကြောင်း ငါးလုပ်ငန်းအဖွဲကချုပ်က အတည်ပြု ပြောဆိုသည်။
 
‘အဲ့ဒီကုမ္ပဏီကဆောက်တဲ့ ငါးလေလံဈေးက ဆောက်တာလည်း မပြီးသေးဘူး၊ ပြီးတော့ ဋ္ဌာန ဆိုင်ရာဘက် လည်း ပံ့ပိုးမှုအားနည်း သွားတာလည်း ပါတယ်၊ အရင်တုန်းက ပေါ်လစီကလည်းကျပ်တော့ အဆင်မပြေ ဖြစ်သွားတာပါ၊အခုဆိုရင်တော့   ပေါ်လစီပြောင်း ကုန်ပြီ” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးနှင်းဦးက ဆိုသည်။
 
မတ်လ(၁)ရက်နေ့က နိုင်ငံတော်သမ္မတကြီးဦးသိန်စိန်သည် မူဝါဒအသစ်များချမှတ်ပြီး ကုန်ထုတ်လုပ်ခြင်းကို အခြေခံသော ပြည်ပ ရင်းနှီမှုများ အစားထိုးဝင်ရောက်လာစေရန် ပြည်တွင်းပြည်ပမှ တက်သိပညာရှင်များဖြင့် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
 
“နိုင်ငံတော်အစိုးရအနေနဲ့ကတော့ ပြည်တွင်းမှာရှိတဲ့ ပြည်ပရင်းနှီးမြှပ်နှံမှုတွေက နိုင်ငံသားတွေအတွက်ထိခိုက်မှုမရှိဘူး၊ ဥပဒေ နည်းလမ်းကြောင်းအရလည်း မှန်တယ်ဆိုရင် အဲ့ဒီလုပ်ငန်းကို ဂရုစိုက်မှာပါပဲ” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းဌာနချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်ကပြောသည်။
 
ယခုအချိန်တွင်  မြိတ်မြို့ငါးလေလံဈေးကွက်တည်ထောင်ထားသောကုမ္ပဏီအား ၀န်ကြီးဌာနမှစာရင်းရှင် ပိတ်ပြစ်ရန် အကြောင်းကြား ထားကြောင်း သိရှိရသည်။
 
အဆိုပါ ငါးလေလံဈေးကွက်အနေဖြင့် တစ်ရက်လျှင် ငါးတန်ချိန် နှစ်ထောင်ခန့် လည်ပတ်နိုင်ပြီး ဆိပ်ခံဘောတံတားသည်း တန် ၁၀၀  အထက် စက်လှေ အစီး (၃၀) တပြိုင်နက်ဆိုက်ကပ်နိုင်ကာ အလုပ်သမား အယောက်(၅၀၀)ကျော်ကို နေ့စဉ်နေ့တိုင်း အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်သော်လည်း ငါးလေလံဈေးကွက် စဖွင့် သည့် (၂၀၀၂)ခုနှစ် မှစ၍ ယခုအချိန်ထိ ငါးတစ်ကောင်မှ မရှိသောကြောင့်  မလည်ပတ်သေးကြောင်း သိရသည်။
 
ထိုလေလံဈေးကွက်အား စတင်တည်ဆောက်မည်ဆိုသည့်အချိန်က ငါလုပ်ငန်းးဦးစီးဌာနအနေဖြင့် တစ်ရက်လျှင် ငါးတန်ချိန် (၅၀၀)  ကျော်တင်ပို့ပေးမည်ဟု ပြောခဲ့သော်လည်း (၁၁)နှစ်တာကာလအတွင်း ငါးတင်ပို့ခြင်း မရှိခဲ့ကြောင်း Myanmar Fisheries International Joint Venture Limited ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ၏ ပြောချက်အရ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။