Tuesday, August 28, 2012

ဆူပူအကြမ်းဖက်မှုတွင် ပါဝင်သည့် UNHCR ၀န်ထမ်းနှစ်ဦးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ၀န်ထမ်းတစ်ဦးအား မောင်တောမြို့နယ်တရားရုံးမှ ထောင်ဒဏ်အမိန့်ချမှတ်


ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သည့် UNHCR ၀န်ထမ်း နှစ်ဦးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ၀န်ထမ်းတစ်ဦးတို့အား မောင်တော မြို့နယ်တရားရုံးမှ သြဂုတ်လ ၂၄ ရက်နေ့က ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း တရားခွင်မှ သိရသည်။ 

ထောင်ဒဏ်အသီးသီးကျခံရ UN/INGO ၀န်ထမ်းသုံးဦးအနက် ဒေါ်ချိုလေးမာ UNHCR/ CSSEP အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၃-က/၄၃၆/၁၁၄ ဖြင့် တစ်မှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး စည်းမျဉ်းအက် ဥပဒေပုဒ်မ ၂၄(၁)ဖြင့်တစ်မှု စုစု ပေါင်းနှစ်မှု စွဲချက်တင် စစ်ဆေးခဲ့ရာ အမိန့်ချမှတ်သည့်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆/၁၀၉ ဖြင့် ထောင်ဒဏ်ငါးနှစ်၊ ပုဒ်မ ၁၅၃-ကဖြင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ရာ ပြစ်ဒဏ်အား တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်သည့်အတွက် ထောင်ဒဏ်ငါးနှစ်နှင့် နိုင်ငံခြားငွေ လဲလှယ်ရေး စည်းမျဉ်းအက်ဥပဒေ ပုဒ်မ ၂၄(၁)ဖြင့် ထောင်ဒဏ်တစ်နှစ် စုစုပေါင်းထောင်ဒဏ်ခြောက်နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ခင်မောင်(ခေါ်)အန္န၀ါဆာဒတ် UNHCRအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၃-က/၅၀၅(ဂ)/ ၁၄၈ ဖြင့် တစ်မှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေပုဒ်မ၂၄(၁) ဖြင့်တို့ဖြင့် စွဲချက်တင်စစ်ဆေးခဲ့ရာ အမိန့်ချမှတ်သည့်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၃-ကဖြင့် ထောင်ဒဏ်နှစ်နှစ်၊ ၅၀၅(ဂ)ဖြင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ရာ ပြစ်ဒဏ်အား တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်သဖြင့် ထောင်ဒဏ်နှစ်နှစ်နှင့် နိုင်ငံခြားငွေ လဲလှယ်ရေး စည်းမျဉ်းအက်ဥပဒေပုဒ်မ ၂၄(၁)ဖြင့် ထောင်ဒဏ်တစ်နှစ် စုစုပေါင်း ထောင်ဒဏ် သုံးနှစ်ကျခံရန် ဆုံးဖြတ်ခဲ့သည်။
ခင်ဆွေ (ခေါ်) ကာယာစ်(ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်)ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၅၃-က/၅၀၅ (ဂ)/၁၄၈ဖြင့် စွဲချက်တင်စစ်ဆေးခဲ့ရာ အမိန့်ချမှတ်သည့်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၃-ကဖြင့် ထောင်ဒဏ်နှစ်နှစ်၊ ၅၀၅(ဂ)ဖြင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ရာ ပြစ်ဒဏ်အား တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်သဖြင့် ထောင်ဒဏ် နှစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြို့နယ်တရားသူကြီးတရားခွင်မှ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။