Tuesday, August 28, 2012

ဘုရားကြီးအလယ်တိုက်တွင်ပြုလုပ်သည့် ပထမဆုံးအကြိမ် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ


မန္တလေးမြို့ မဟာမြတ်မုနိ ဒက္ခိဏာရာမဘုရားကြီး အလယ်တိုက်တွင် ပထမဦးဆုံးအကြိမ်ကျင်းပခဲ့သည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲအား  သြဂုတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။

ရည်ရွယ်ချက် ၃ ချက်နှင့် ကျင်းပခဲ့သည့်   အဆိုပါဆုတောင်းပွဲသို့ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင် များနှင့် တောင်ထီးလင်း ဆရာတော်၊ အရှအလင်ရောင်၊ ဖောင်တော်ဦး၊ မြ၀တီကျောင်းတိုက်များမှ ဗုဒ္ဓဘာသာဆရာတော် သံယာတော်အပါး (၄၀) ကျော် တက်ရောက်ခဲ့ကြသည်။

မန္တလေးမြို့ကြီး ငြိမ်းချမ်းရေး၊ မြန်မာပြည်ကြီးငြိမ်းချမ်းရေး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး အဲ့ဒီ ရည်ရွယ်ချက်နဲ့ လုပ်တာပေါ့ဟု မစိုးရိမ်တိုက်သစ် စမ္မသဟာရကျောင်းတိုက်မှ ဦးဝီရသက မိန့်ကြားတော်မူသည်။

ဆက်လက်၍ ဗုဒ္ဓဘာသာမှ ဇောတိကရုံအုပ်ကျောင်းဆရာတော် ဦးဇောတိကဘိဝံသထံမှ ဆုံးမသြ၀ါဒခံယူပြီး နောက် အစ္စလာမ် ဘာသာအတွက် ဦးအောင်ဇော်ဝင်းမှ ဆုတောင်းပွဲကျင်းပရခြင်း အကြောင်းအရင်းများနှင့်ပတ်သက်၍ လျှောက်ထားကာ ခရစ်ယာန်ဘာသာ ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ ခေါင်းဆောင်များမှ ငြိမ်းချမ်းရေးဆုတောင်းပွဲများ ပြုလုပ်ကာ သံယာတော်များအား ဆွမ်းကပ်၍ အခမ်းအနားပြီးဆုံးခဲ့သည်။

ပထမဦးဆုံးအကြိမ်ကျင်းပနိုင်ခဲ့သည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲမှာ မက်သဒစ် ခရစ်ယာန် ဂိုဏ်းချူပ်ဘုန်းကြီး၊ အစ္စလာမ်နှင့် ဟိန္ဒူဘာသာရေးခေါင်းဆောင်များအပါအ၀င် တောင်ထီးလင်း ဆရာတော်များက ငြိမ်းချမ်းရေးဆိုင်ရာ သြ၀ါဒစကားများမိန့်ကြားခဲ့သလို ပရိတ်သတ်(၂၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဘာသာပေါင်းစုံ  ငြိမ်းချမ်းရေးဆုတောင်းပွဲအား  မန္တလေးအိုရီယနတယ်ဟောက်စ် (Oriental House) စားသောက်ဆိုင်တွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း  ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအတွက် မသင့်တော်ဟု အငြင်းခံရသည့်အတွက် ယခုကဲ့သို့ပြောင်းလကျင်းပခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။