Tuesday, August 28, 2012

NLD လွှတ်တော် ခေါ်ယူရေး ထောက်ခံဆန္ဒပြခဲ့တဲ့ ၁၄ ကြိမ်မြောက် နှစ်ပတ်လည်နေ့



၁၉၉၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှာ NLD ပါတီ လွှတ်တော် ခေါ်ယူရေး ၁၉၉၆ ကျောင်းသားတွေနဲ့ ပြည်သူလူထု ထောက်ခံဆန္ဒပြခဲ့ကြတဲ့ ၁၄ ကြိမ်မြောက် နှစ်ပတ်လည်
အခမ်းအနားကို ရန်ကုန်မြို့သိမ်ဖြူလမ်းမှာရှိတဲ့ ပညာရာမိက ကျောင်းတိုက်မှာ သြဂုတ်လ ၂၅ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ ၁၉၉၆ မျိုးဆက် ဗကသ ကျောင်းသား
ခေါင်းဆောင် ကိုအေးအောင်၊ ကိုမျိုးမင်းဇော်၊ ကိုမင်းငြိမ်းချမ်းနဲ့ ကိုရာဂူးနေမြင့်တို့ ဦးဆောင် ကျင်းပတဲ့ ဒီအခမ်းအနားမှာ ထောင်တွင်း ကျဆုံးခဲ့တဲ့ ကိုသက်ဝင်းအောင်
အတွက် ရည်စူးပြီး ပညာရာမိက ကျောင်းတိုက်က ဆရာတော် သံဃာတော်တွေကို ဆွမ်းကပ် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြသလို  ကိုသက်ဝင်းအောင် အမှတ်တရ စာကြည့်
တိုက်အတွက် ငွေ လှူဒါန်းတာတွေလည်း ပြုလုပ် ခဲ့ကြပါတယ်။ ဒီအခမ်းအနားကို ၁၉၉၆-၉၈ ကျောင်းသားတွေ၊ အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့
မိသားစုတွေ အပါအဝင် လူဦးရေ ၁၅၀ ကျော် တက်ရောက် လာခဲ့ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။