Tuesday, November 6, 2012

တာတာနာနို ကားများ ပြည်တွင်း ဈေးကွက်တွင် ရောင်းချနိုင်ရန် စီစဉ်


အိန္ဒိယနိုင်ငံ TATA Motor Group မှ ထုတ်လုပ်သည့် တာတာနာနိုကားများ မြန်မာနိုင်ငံ ဈေးကွက်တွင် တင်သွင်း ရောင်းချနိုင်ရန် မန္တလေးအခြေ
စိုက်ကုမ္ပဏီတစ်ခုမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာတာနာနို ကားများ ပြည်တွင်း ဈေးကွက်တွင် ရောင်းချနိုင်ရန် စီစဉ်
တာတာနာနို ကားများ မြန်မာနိုင်ငံ ဈေးကွက်တွင် တင်သွင်းရောင်း ချနိုင်ရန်အတွက် တာတာအုပ်စုမှ အရှေ့တောင်အာရှ တာဝန်ခံနှင့် မြန်မာနိုင် ငံ ဈေးကွက် တာဝန်ခံ အစရှိသူများနှင့် ဆွေးနွေးပြီးဖြစ်ကြောင်း အောင်ကောင်းကျော် ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးကျော်ဝေက ပြောသည်။ ကားများ တင်သွင်း ရောင်းချပါက ဆိပ်ကမ်းအရောက် CIF တန်ဖိုးနည်းပါက တစ်စီးလျှင် ကျပ် ၆၅ သိန်းခန့်နှင့် ရောင်းချနိုင်မည်ဖြစ်ပြီး CIF တန်ဖိုး တန်းတူအခွင့်အရေး မရပါက ကားတစ်စီးလျှင် ကျပ်သိန်း ၁၀၀ ခန့် ရှိသွားမည်ဖြစ်ကြောင်း ဦးကျော်ဝေက ဆက်လက် ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။