Tuesday, November 6, 2012

မူဆယ်တွင် မှောင်ခိုပစ္စည်းတင် ကားနှစ်စီးဖမ်းမိ




မူဆယ်တွင် မှောင်ခိုပစ္စည်းတင်ကားနှစ်စီးဖမ်းမိ
စားသုံးသူ အကာကွယ်ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ရွေ့လျား
အဖွဲ့က စတင်စစ်ဆေးသည့် အချိန်၌ တရားမ၀င်မှောင်ခို ပစ္စည်းများ တင်ဆောင်လာသည့် ကားနှစ်စီးကို နိုဝင်ဘာလ ၂ရက်နေ့တွင် ပထမဆုံး ဖမ်းမိခဲ့ကြောင်း သိရသည်။ မူဆယ်၁၀၅မိုင်နှင့် ၁မိုင်ခန့် သာဝေး သည့်၂၇၃မိုင် ၇ဖာလုံ၊ ၂၇၄မိုင်ကြား၌ ယာဉ်ကြီး၅၀နှင့် ယာဉ်ငယ်၁၅စီးတို့ကို စစ်ဆေးခဲ့ရာ ၂စီးတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်၊ လိုင်စင်ပြုလုပ်နိုင်ရန် မြို့နယ် အကောက်ခွန်ရုံးသို့ ပစ္စည်းပိုင်ရှင်နဲ့အတူ ရွေ့လျားအဖွဲ့က ပို့ဆောင်ပေးခဲ့ပြီး ပစ္စည်းအသေးစိတ်စာရင်းကို ထုတ်ပြန် ကြေငြာသွားမည်ဟု သိရသည်၊။ အဆိုပါရွေလျားအဖွဲ့ကို ညွန်ကြားရေးမှုး ဦးအောင်ကျော်စိုး ဦးစီးကာဂျာနယ် တိုက်၃တိုက်မှ သတင်းထောက်နှင့် ရုပ်သံမီဒီယာတို့ ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။