Tuesday, November 6, 2012

ရန်ကုန်၌ အထပ်အမြင့်ဆုံး အဆောက်အအုံ ၂၀၁၃ တွင်ဆောက်ရန်စီစဉ်


မြန်မာနိုင်ငံတွင် အမြင့်ဆုံးဖြစ်မည့် အထပ်မြင့် အဆောက်အအုံကို လာမည့် နှစ်လယ်မတိုင်ခင်
စဆောက်တော့မည်ဖြစ်ကြောင်း The National Trading ကုမ္ပဏီလီမိတက်မှ သိရသည်။ ကုန်သည်လမ်း နှင့် ၃၆ လမ်းထောင့်တွင် တည်ဆောက်မည့် အဆိုပါ အဆောက်အအုံကို မြန်မာ၊ စင်ကာပူနှင့် ဂျပန် ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည်ဖြစ်ပြီး ဂျပန်နည်းပညာဖြင့် လ (၃၀) အပြီးတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ ရင်းနှီးမြှပ်နှံမှု ဒေါ်လာသန်း ၁၀၀ အထက်ရှိမည့် အဆိုပါ အဆောက်အအုံ ၏အထပ်အမြင့်မှာ ရန်ကုန်ရှိ အမြင့်ဆုံး အဆောက်အဦး အထပ်ရေ ၂၁ ထပ် ထက်များစွာမြင့်မည်ဟု သိရသည်။ အထပ်အရေအတွက်ကိုမူ နောက်ပိုင်း တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း National Trading ကုမ္ပဏီမှသိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။