Tuesday, November 6, 2012

ဟန်းဆက် ၅၀၀၀ တန် ကံစမ်းမဲအစီအစဉ် နောက်တစ်မျိုးပြင်


ဟန်းဆက်တစ်လုံး ကျပ်ငါးထောင်ဖြင့် ကံစမ်း ရောင်းချပေးခြင်းကို ရန်ကုန်တွင်
ပါရမီဆိုင်တစ်ဆိုင်သာ ပြုလုပ်ပေးမည်ဖြစ်ပြီး ကျန်ရှိနေသည့် ဆိုင်များအား အစီအစဉ်သစ်တစ်ရပ် ပြုလုပ်ပြီးမှသာ ပြန်လည်ရောင်းချ ပေးတော့မည်ဖြစ် ကြောင်း လူကြီးမင်းဖုန်းဆိုင်မှ ဒါရိုက်တာ ကိုပြည့်စုံထွန်း က ယနေ့ နံနက် ၁၀ နာရီတွင် Park Royal ၌ ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောသည်။ " ဖုန်းရောင်းဖို့ ချမှတ်ထားတဲ့ အစီအစဉ် မှားယွင်းခဲ့တဲ့အတွက် လူတအားများပြီး ရန်ကုန်မှာ ဖုန်းမရောင်း ပေးနိုင်ခဲ့ပါဘူး။ နေပြည်တော်နဲ့ တောင်ကြီး သုံးဆိုင်ပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။


ရန်ကုန်ဆိုင်တွေကတော့ ပါရမီတစ်ဆိုင်ပဲ တုံကင်ဝေပြီးသားဖြစ်တဲ့အတွက် မဲဖောက်ကြေညာ ပေးသွားမှာပါ။ ကျန်တဲ့ဆိုင်တွေကတော့ ဘယ်လို ပြန်ရောင်း ပေးရမလဲ ဆိုတာ အချိန်ယူစီစဉ်ရဦးမှာပါ´´ဟု ၄င်းက ပြောသည်။ နိုဝင်ဘာ ၃ ရက်နေ့၌ နံနက် ၈ နာရီ ခွဲမှ ၉ နာရီအထိ SANSUNG Mini ဟန်းဆက်တစ်လုံး ကို ကျပ်ငါးထောင်ဖြင့် အလုံးရေ ၁၂၀ အား လူကြီးမင်း ဆိုင်ခွဲပေါင်း ၁၁ ဆိုင်တွင် တုံကင်စနစ်ဖြင့် ကံစမ်းမဲဖောက် ရောင်းချပေးမည် ဟု သတင်းများ ထုတ်ပြန်ထားခဲ့ရာ လူဦးရေများပြား လာသည့်အတွက် ရဲများပင်ဖြေရှင်းပေးရသည် အထိ ဖြစ်ပွားခဲ့၍ ဖုန်းရောင်းခြင်းကို ရန်ကုန်တွင် မည်သည့်ဆိုင်မှ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။