သူမကိုwww.facebook.com/DiasporaModels ဝက်ဘ်ဆိုက်မှာလည်း အောက်တိုဘာ ၃ဝရက်နေ့အထိ မဲပေးနိုင်မှာဖြစ်ပြီးအခုလက်ရှိမှာ လည်းမြန်မာနိုင်ငံသူ ကိုနိုင်စေချင်တဲ့အတွက် မြန်မာပရိသတ်တွေကလည်း တစ်ခဲနက်မဲပေးနေကြပါတယ်။ အောက်တိုဘာ ၂၇ရက်နေ့ ညနေ ၄နာရီခွဲမှာတော့ Miss Myanmar USA က ၄၂ဝ၅ မဲ ရရှိထားပြီး Miss Georgia မော်ဒယ်က ၄၁၉၅ မဲနဲ့ ပရိသတ်တွေ က အပြိုင်အဆိုင်မဲပေး ထားကြပါ တယ်။ ဒုတိယနေရာအတွက် အွန်လိုင်းက မဲပေးဖို့ ၁ရက်သာ ကျန်ရှိတော့ပြီး အနိုင်ရရှိခဲ့တဲ့မော်ဒယ်က Miss Photogenic ဆုကို ရရှိပိုင်ဆိုင်မှာဖြစ် တာကြောင့် ဒီဆုကိုရရှိဖို့အတွက်မြန်မာ ပရိသတ်တွေရဲ့မဲပေးမှု အပေါ်မှာမူတည်မှာဖြစ်ပါတယ်။ပြိုင်ပွဲဝင်မြန်မာမော်ဒယ် Nida Taylor အတွက် မန္တလေးက မိခင်ဖြစ်သူနဲ့ဆွေမျိုးများက မြန်မာဝတ်စုံများ ချုပ်ပေးထားကြောင်း သိရပါတယ်။ ကမ္ဘာမှာ မြန်မာမိန်းကလေးအဖြစ်ထင်ရှားပေါ်လွင်သွားအောင် မန္တလေး ချိတ်ကို မြန်မာဆန်ဆန် ရင်ဖုံးရိုးရိုးလေးချုပ်ထားတာဖြစ် ကြောင်း မိခင်ဖြစ်သူကပြောပါတယ်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။