Sunday, August 12, 2012

ခိုးကူးခွေရောင်းချသူများအား အပြတ်ချေမှုန်းမည်ဟု ကချင်အနုပညာရှင် ဒေါင်လွဏ်းပြောကြား


မိမိကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ခဲသောအခွေအား ခိုးကူးခွေအဖြစ် ရောင်းချခဲ့သူများကို တရားဥပဒေ အရ အတိုင်း ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကောင်း ကချင်သရုပ်ဆောင်အဆိုတော်ဒေါင်လွဏ်းက ဆိုသည်

“ ခုလောလောဆယ်မှာက တရားဥပဒေနဲပဲ ရင်ဆိုင်မယ်၊ စ်နာကေးကိုလည်း တရား ဥပဒေ အတိုင်း တောင်းမယ်၊ တရားသူကီးက ဘယ်လို စီရင်ချက်ချမလဲ အဲ့ဒီပေါ်မှာ ကျွန်တော်တိုက ကျေကျေနပ်နပ် လက်ခံမယ်၊”ဟု ၄င်းက ပြောသည်

ကိုဒေါင်လွဏ်းသည် ခိုးကူးခွေရောင်းချသူ (၄) ဦးအား ဖမ်းဆီးထားမိပြီဖြစ်ကြောင်းနှင် ယင်းကိစ္စအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌကချင်ပြည်နယ် ဝန်ကီးချုပ် ရဲမင်းကီး တရားသူကီးများ ထံသို အမအမြန်ဆုံးစီရင်ပေးပါရန် စာရေးတင်ပြ ထားပီးဖြစ်ကောင်းကိုလည်း သိရှိရသည်

ပီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင်း ကိုဒေါင်လွဏ်းမှ ရဲတပ်ဖွဲ (၈) ဦးခန်နှင့် ကချင်ပြည်နယ် မြစ်ကီးနားမြို့ရှိ USA Lum Tuျှပ်စစ်ပစည်းအရောင်းဆိုင်တွင် အမန်းစတင်ခဲ့သောအချစ်” VCD  ဇာတ်ကား အား ခိုးကူးရောင်းချသည်ဟု စွပ်စွဲကာ ဆိုင်ပိုင်ရှင်ထံ သိန်း (၆ဝဝ) တောင်းဆိုခဲ့ရာ ဆိုင်ပိုင်ရှင်မှ သိန်း (၂ဝဝ)တန် ခံဝင်းတစ်ခုအား ကချင်ရိုးရာဓလေ့ထုံးအရ(ရှဝရှား) လျောပေးလိုက်သည်

ထိုပြင် ရှမ်းပြည်နယ်တွင်လည်း ဖမ်းဆီးမိသည့် ခွေကူးရောင်းချသူ တစ်ဦးထံမှ သိန်း (၂ဝဝ) တောင်းဆိုကာ ကချင်ရိုးရာ ဓလေ့ထုံးအရအမှုညှိနှိုင်းပြီးစီးခဲ့ကောင်းကိုလည်း သိရှိရသည်

ယခုအခါ ကိုဒေါင်လွဏ်းမှ ၄င်းခွေ ရောင်းချသူများအား ကချင်ရိုးရာဓလေ့ထုံးဖြင့် အမပီးစေလိုပဲ တရားဥပဒေအတိုင်း တရားရုံးတွင်သာ ရင်ဆိုင်သွားမည်ဖြစ်ကောင်း ပြောသည်

“ အခု ကျွန်တော်ခိုးကူးခွေတွေ လိုက်ဖမ်းတာကို သူများတွေက ကချင်အချင်းချင်း လိုက်ဖမ်းနေတယ်၊ ဘာညာဆိုပီး ပြောနေကြတယ်၊ ဒီကိစက ညှိလိုမရဘူးလေ၊ တစ်ချိုကချင်တွေကလည်း နားမလည်ကဘူး၊ ခုကျွန်တော်က တရားဥပဒေအတိုင်းပဲ သွားမယ်၊ ဟိုတစ်ခေါက်ပီးသွားတဲ့ အမတွေကတော့ က္မန်တော်တို ကချင်ရိုးရာအတိုင်းသာ ပီးသွားတယ်ရှမ်းကုလားတွေကိုဆို ကျွန်တော်တိုညှိဖိုလမ်းလည်းမရှိဘူး၊ ကျွန်တော် လုပ်နေတဲ့အလုပ်က သိန်းထောင်သောင်း ကုန်တယ် ကျွန်တော် ဒီလိုနာမည်ရအောင် ဘယ်လောက်ကိုးစားထားတယ်၊ ဘယ်လောက် ရင်းနှီး လိုက်ရတယ်၊ ကျွန်တော်တောင်းတဲ့ သိန်း (၅ဝဝ) ဆိုတာက ပါးပါးလေးပဲ၊ သဘောတစ်ခုပေါ့၊ အဲ့လောက်နဲပဲ ကျွန်တော် တန်ဖိုးမဖြတ်ချင်ဘူး” ဟု ၄င်းက ဆက်ပြောသည်

ကိုဒေါင်လွဏ်းသည် ကချင်ဇာတ်လမ်းများကို အဓိထား ရိုက်ကူးထုတ်လုပ်သူဖြစ်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ထုတ်လုပ်ခွင့် မှတ်ပုံတင်ရရှိထားသူဖြစ်သည် ၄င်း ရိုက်ကူးသည့် DVDဇာတ်လမ်း (၈) ကား ရှိပီဖြစ်ကောင်း သိရသည် အချစ်နှင့်အဝေးဆုံး ကမ္ဘာ  ရေသူမအမှန်းစတင်ခဲ့သော အချစ် အစ်ကိုကီးက အဖအရာ စသည့် ဇာတ်ကားများအား ရိုက်ကူးခဲ့သည်

နောက်ထပ် အိမ်ထောင်ရေးဇာတ်ကား တစ်ကားကိုလည်း စတင်ရိုက်ကူးနေပီဖြစ်သည်

“ ကိုဒေါင်လွဏ်းတိုက သေချာ စည်းစနစ်နဲ လုပ်ထားတယ်၊  Professional ပေါ့၊ ဆင်ဆာရှိတယ်၊ ထုတ်လုပ်ရေး လက်မှတ် အကုန်လုံးရှိတယ်၊ သူတိုလုပ်တာကို အပြစ်ပြောလိုမရဘူး၊ကျွန်တော်ဆို လည်း လုပ်မှာပဲ ဘာလိုလဲဆိုတော့ ပိုက်ဆံအများကီးကုန်မှ လုပ်ထားတာခွေခိုးကူးတွေက အိမ်မှာ ထိုင်ပြီးတော့ ကူးပီးဖြန်တယ်၊ ဘယ်လောက်ထိ ရင်နာဖိုကောင်းလဲ၊ ကျွန်တော်ကတော့ လုပ်သင့် တယ်ထင်တယ်၊ ဒါမှ တစ်ယောက်နဲ တစ်ယောက်  Respect ဖြစ်မှာ” ဟု ကချင်အဆိုတော် အဘားဒီးက ပြောသည်

ကချင်အနုပညာရှင်များအတွက် ကာကွယ်ပေးနိုင်မည့် ကချင်အနုပညာရှင် အစည်းအရုံးကိုလည်း ဖွဲစည်းရန် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကောင်း အဆိုပါ အစည်းအရုံးအား အောက်တိုဘာလတွင် ညီလာခံကျင်းပကာ ဥပဒေကမ်းများလည်း ရေးဆွဲသွားမည်ဖြစ်ကောင်း သိရသည်

ကိုဒေါင်လွဏ်းမှ ၄င်း ဇာတ်ကားခွေများအား ခိုးကူးရောင်းချနေသူ မည်သူကို မဆို ဆက်လက် ဖမ်းဆီးသွားမည်ဖြစ်ကောင်း ယခုကဲ့သို့သတိပေးစကားပြောကားခဲသည်

ကျွန်တော် ကချင်တွေကိုပဲ ဖမ်းနေတာ မဟုတ်ဘူး၊ ခွေခိုးကူးတဲ့ ကုလားဗမာရှမ်း၊ တရုတ် အကုန်ဖမ်းတယ်နောက်ဆုံးအချုပ်မှာက ကချင်တွေက ပါလာမဲ၊ ခုက အားလုံးကိုဖမ်းမယ်၊ ခိုးကူးခွေရောင်းတဲ့ လုပ်တဲ့သူတွေကို ဖမ်းမယ်၊ ကချင်ဆိုလည်း ဖမ်းရမှာပဲ၊ သူတိုက လွယ်လွယ်နဲ့ပြီးမယ်ထင်နေတာ” ဟု ကိုဒေါင်လွဏ်းက ဆိုသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။