Sunday, August 12, 2012

ရှမ်းတဲကြီးမှာ ရေကြီးလို့ ပိတ်ထားတဲ့ အလယ်တန်းကျောင်း ပြန်မဖွင့်နိုင်သေး ရေနစ်မြုပ်နေတဲ့ ရှမ်းတဲကြီးကျေးရွာမှ အလယ်တန်းကျောင်းခွဲ





ရေနစ်မြုပ်နေတဲ့ ရှမ်းတဲကြီးကျေးရွာမှ အလယ်တန်းကျောင်းခွဲ
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့က စလို့ သည်းထန်စွာ ရွာသွန်းခဲ့တဲ့ မိုးကြောင့် ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့မြို့နယ်အတွင်းမှာရှိတဲ့ ရှမ်းတဲကြီးကျေးရွာမှာ
ရေကြီး ရေလျှံ မှုတွေဖြစ်နေလို့ ရွာအတွင်းရှိတဲ့ အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်းခွဲကို  ပိတ်ထားခဲ့ရတာ ရက် ၂၀ ကျော်သွားပြီလို့ သိရပါတယ်။ ရှမ်းတဲကြီး
ကျေးရွာမှာ နှစ်စဉ် ရေကြီး ရေလျှံမှုတွေ ရှိခဲ့တယ် ဆိုပေမယ့် လွန်ခဲ့တဲ့ ၆ နှစ်ကစလို့ ရှမ်းတဲကြီး ချောင်းအတွင်း ဒိုက်တွေ၊ မှော်တွေ ပိတ်လာတဲ့အပြင် ငါးမွေးကန်တွေက
ရေလွှဲမြောင်းတွေကို မြေဖို့တာတွေ ပြုလုပ်ခဲ့လို့ ရေကြီးလာမှုတွေ ဆိုးရွားလာတာလည်း ဖြစ်ပါတယ်။ ရှမ်းတဲကြီး ကျေးရွာမှာ နှစ် ၅၀ အတွင်း အဆိုးဆုံး ရေကြီးမှုလည်း
ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ အခုလို အခြေအနေမျိုးတွေ နောက်မဖြစ်ရလေအောင် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေကနေ ချောင်းကူး၊ မြောင်းကူး စနစ်
တွေကို စက်ယန္တရားတွေနဲ့ စနစ်တကျ စီစဉ် ဆောင်ရွက်ပေးဖို့ ဒေသခံတွေက တောင်းဆို နေကြပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။