Sunday, August 12, 2012

အင်္ကျီဆင်းဆယ်ရာမှ ရေနစ်သေဆုံး


လှည်းရေဆေးရာမှ သဲကျင်းရေအိုင် အတွင်းသို့ အင်္ကျီ ကျသွား သဖြင့် ဆယ်ယူရာ ရေနစ်သေဆုံးခဲ့ရသော ဖြစ်ရပ်တစ်ခု ဇူလိုင် ၂၉ရက်က နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော် ပျဉ်းမနားမြို့၊ နတ်သူရဲကျေး ရွာတွင် ကိုကျော်သူ(၃၇)နှစ်ဆိုသူမှာ ဇူလိုင် ၂၉ ရက် နံနက် ၉နာရီအချိန်ခန့်က နတ်သူရဲကျေးရွာ အ ရှေ့မြောက်ဘက်ရှိ နှမ်းစိုက်ခင်းများအကြားအတွင်းရှိ သဲကျင်းရေအိုင်တွင် ၄င်း၏လှည်းအား ရေဆေးရာ၌ ယင်း၏အင်္ကျီမှာ ရေအိုင် အတွင်းကျသွားသဖြင့် ဆင်း၍ဆယ်ယူရာမှ ရေနစ်သွား ခဲ့သည်ဟုဆိုသည်။
ကိုကျော်သူ ရေနစ်နေသည်ကို ပတ်ဝန်းကျင်မှ သိရှိပြီး ရွာသူ ရွာသားများက ဝိုင်းဝန်းဆယ်ယူသော်လည်း အသက် ရှင်လျက်ပြန်မရဘဲ ကမ်းစပ်နှင့် ပေနှစ်ဆယ်အကွာ၌ အ လောင်းအား ပြန်ဆယ်မိပြီး အဆိုပါ သဲကျင်းရေအိုင်မှာ အကျယ်ပေ ၅၀ အနက် ၇ ပေခန့်ရှိသော ရေအိုင်ဖြစ်ကြောင်း သိရသည်။ မှုခင်းဆေးပညာအရ စစ်ဆေးနိုင်ရန် အလောင်း အား ခုတင်(၂၀ဝ)ဆေးရုံသို့ ပို့ဆောင်ပြီး ယင်းသေဆုံးမှု ဖြင့်ပတ်သက်၍ နေပြည်တော် ပျဉ်းမနားရဲစခန်းမှ သေမှုသေ ခင်းအမှတ်စဉ် ၃၃/၂၀၁၂ အရ အမှုဖွင့်ကာ စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်ဇေယျ


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။