Sunday, August 12, 2012

ဗိုလ်တထောင် ဆိပ်ကမ်း နယ်မြေတွင် ရေပေါ် ဟိုတယ်ဇုန် အကောင်အထည် ဖော်မည်


ဗိုလ်တထောင် ဆိပ်ကမ်း နယ်မြေကို ခရီး သွားလုပ်ငန်းများ ကြုံနေ ရသော အခက် အခဲများ ဖြေရှင်းရန်အတွက် ရေပေါ် ဟို တယ်ဇုန် အဖြစ် ဖော်ဆောင်မည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြား သည်။ ဟိုတယ်လိုအပ်ချက်ကို ဖြေရှင်းရန် အဆိုပါအစီအစဉ်မှာ ဟိုတယ်ဆောက် ခြင်းထက် ပို၍မြန်ဆန်နိုင်သည့်အတွက် အမြန်ဆုံး အကောင် အထည် ဖော်မည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ရေပေါ်ဟိုတယ်များအတွက် လိုအပ်မည့် ရေအစ ရှိသည်တို့ကို ဖြည့်ဆည်းပေးမည် ဖြစ်ပြီး ရေပေါ်ဟိုတယ်အတွက် ဆိုက်ကပ် ရန် လိုအပ်မည့် ဆိပ်ခံတံတားစသည် တို့ ကိုလည်းပြင်ဆင်ပေးမည်ဟုပြည်ထောင်စု ဝန်ကြီးက ရန်ကုန်ဆိပ်ကမ်းများ အဆင့် မြှင့်တင်ရေး ဆောင်ရွက်ရန် ဇူလိုင်၂၉ရက် က ရှင်းလင်းရာတွင် ပြောကြားသည်။
အဆိုပါ ဆိပ်ကမ်းနယ်မြေကို အဆင့် မြှင့်ပြုပြင်တည်ဆောက်ရာတွင်ဟိုတယ်ဇုန် အပြင် အများပြည်သူအပန်းဖြေအနား ယူနိုင်ရန် ညဈေးတန်းများ၊ လေဟာပြင် ဖျော်ဖြေပွဲများပါ ကျင်းပနိုင်သည့် နေရာ အဖြစ် ပြုပြင်မည်ဖြစ်သည်ဟု သတင်းရရှိ သည်။ ထိုသို့ပြုပြင်ရာ၌ ဗိုလ်တထောင် ဆိပ်ကမ်းနယ်မြေရှိ ကမ်းပါးထိန်း ရေကာ တာတံတိုင်းကို မြစ်ဘက်သို့ ပေ ၁၀ဝ ခန့် မြေဖို့ပြီးအမာခံလွင်ပြင်အဖြစ်တိုးချဲ့တည် ဆောက်မည်ဖြစ်ပြီး ပြုပြင်ပြီးပါက စုစု ပေါင်းဆိပ်ကမ်းနယ်မြေဧက၁၀ဧကကျော် ရှိလာမည်ဖြစ်သည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး က ပြောကြားသည်။
ဆိပ်ကမ်းနယ်မြေပြုပြင်ခြင်းကို ပုဂ္ဂလိက ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင် များနှင့် ပူးပေါင်း၍ အကျိုးတူပူးပေါင်းခြင်း စနစ် (Joint Venture) ဖြင့် မြန်မာ့ဆိပ် ကမ်းအာဏာပိုင်က ပူးပေါင်းဆောင်ရွက် မည်ဟု ဦးဆောင်ညွှန်ကြားရေးမှူးကပြော ကြားသည်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ကလည်းအခန်း၆၀ခန့်ပါဝင်သည့်ဌာနပိုင် သုံးထပ်သင်္ဘောများကို ရေပေါ်ဟိုတယ် (သို့မဟုတ်) စားသောက်ဆိုင်အဖြစ် ဖွင့် လှစ်ရန် ငှားရမ်းမည်ဟု ပြောကြားသည်။
အိဖြူလွင်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။