Friday, June 29, 2012
နေအိမ်အတွင်း ဝင်၍ အိမ်ရှင်ကို ဓားဖြင့် ထိုးသတ်
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်-ပြည်လမ်း၊ (၃)ရပ်ကွက်၊ မှော်ဘီမြို့နယ်
အတွင်း၌ အမည်မသိ အမျိုးသားတစ်ဦးက နေအိမ်အတွင်းဝင်ရောက်ကာ အိမ်ရှင်
အမျိုးသား အား ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြည်သူ့ဂုဏ်ရည် ဆန်ခါတင် ၅ ဦးကို ရန်ကုန်မှာ ဂုဏ်ပြု
RFA၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ဆုရွေးချယ်ခံခဲ့ရသူ အလုပ်သမားနဲ့ လယ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ကိုဖိုးဖြူကို ကိုမင်းကိုနိုင်က ဆုလက်မှတ် ပေးအပ်နေစဉ်။ |
ကချင် ဒုက္ခသည်စခန်းများ အရေးပေါ်အကူအညီ လိုအပ်နေ

ကချင်စစ်ပြေးဒုက္ခသည်
စခန်းများတွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ပညာရေး အထောက်အကူပစ္စည်းများနှင့်
ခိုလှုံစရာနေရာများ အတွက် အမိုးအကာများ အရေးပေါ်လိုအပ်နေဆဲ (ဓာတ်ပုံ-
Reuters)
ကလေးစစ်သား အမှန်တကယ် ပပျောက်ရေး လုပ်ဆောင်မည်

နိုင်ငံသား မဟုတ်သူများ တတိယနိုင်ငံပို့ရန် ရခိုင်ပါတီ တောင်းဆို
ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ညှိနှိုင်းမှုရယူပြီး ရခိုင်ပြည်နယ်အတွင်း
နေထိုင်ကြသည့် နိုင်ငံသားမဟုတ်သည့် ဘင်္ဂါလီ များအား သင့်တော်သည့်နေရာ၌
ယာယီနေရာချ ထားပေးပြီး ကာလတခု သတ်မှတ်၍ တတိယနိုင်ငံများသို့ ပြောင်းရွှေ့
ပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ကြေညာချက်ထုတ်၍
တောင်းဆိုလိုက်သည်။
Famoso အလုပ်သမားများ လစာ တိုးပေးရေး ပြေလည်မှုမရသေး
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ
Fsmoso စက်ရုံဆန္ဒပြ အလုပ်သမားများ၏ လစာတိုးပေးရေး ကိစ္စကို ဇွန်လ၂၈ ရက်နေ့က
ဗိုလ်တထောင်မြို့နယ် အလုပ်သမား ခုံသမာဓိရုံးတွင် ကြားနာခဲ့ရာ
ပြေလည်မှု မရရှိသေးကြောင်း သိရသည်။
ပြေလည်မှု မရရှိသေးကြောင်း သိရသည်။
၂ဝ၁၄ မတိုင်မီ လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ လုပ်မည်ဟု ဝန်ကြီးပြော
စံခလပူရီ (မဇ္ဈိမ) ။ ။ အစိုးရမှ ‘ပင်လုံကဲ့သို့ ကျယ်ပြန့်သော ညီလာခံ’ ဟု ခေါ်ဆိုနေသည့် လွှတ်တော်ပြင်ပ
နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ တရပ်အား ၂ဝ၁၄ ခုနှစ် မတိုင်မီ ပြုလုပ်သွားရန် ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း က မဲဆောက်၌ ဒီမိုကရေစီ အင်အားစုများ၌ တွေ့ဆုံစဉ်
ပြောကြားသွားသည်။
နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ တရပ်အား ၂ဝ၁၄ ခုနှစ် မတိုင်မီ ပြုလုပ်သွားရန် ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း က မဲဆောက်၌ ဒီမိုကရေစီ အင်အားစုများ၌ တွေ့ဆုံစဉ်
ပြောကြားသွားသည်။
နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးညီလာခံ WLB တောင်းဆို
ချင်းမိုင်(မဇ္စျိမ) ။ ။ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ
ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့၏ ထိုင်းနိုင်ငံ ငြိမ်းချမ်းရေး
ခရီးစဉ်တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့်
ဘန်ကောက်မြို့တွင် ကြာသပတေးနေ့က တွေ့ဆုံခဲ့သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသတင်း အခြေအတင် ဆွေးနွေးခြင်း
၂ဝ၁၂ ခုနှစ် မတ်လ အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ပမာဏသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄ဝ ဒဿမ ၆၉၉ ဘီလီယံ ရှိသည်။
အသစ်ရေးဆွဲထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများနှင့် ဖက်စပ် ကုမ္ပဏီများသည် အခွန်ကင်းလွတ်ခွင့် ၅ နှစ်နှင့် ကုမ္ပဏီ တည်ထောင် လုပ်ကိုင်ခွင့် နှစ် ၇ဝ အထိ ခွင့်ပြုပေးမည်
ဖြစ်သည်။
အသစ်ရေးဆွဲထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများနှင့် ဖက်စပ် ကုမ္ပဏီများသည် အခွန်ကင်းလွတ်ခွင့် ၅ နှစ်နှင့် ကုမ္ပဏီ တည်ထောင် လုပ်ကိုင်ခွင့် နှစ် ၇ဝ အထိ ခွင့်ပြုပေးမည်
ဖြစ်သည်။
ဘားလမ်းနှင့်ခမ်းမရှေ့ရှိ Bus ကားဂိတ်များ ယခင်အတိုင်း ရှိနေဦးမည်
ရန်ကုန်မြို့တော်ခမ်းမရှေ့နှင့်
မပာာဗန္တုလပန်းခြံ(ဘားလမ်း) အနီးပြေးဆွဲလျှက်ရှိသော ခရီးသည်တင်ယဉ်လိုင်း
များ အနေဖြင့် မှုလပြေးဆွဲနေသည့် ရပ်တင်မောင်းစနစ်ဖြင့်သာ
လက်ရှိဂိတ်များအတိုင်း ဆက်လက်ပြေးဆွဲ နေဦးမည်ဟု မထသ (ဗပိာု)က
စုံစမ်းသိရသည်။
ပထမဦးဆုံးပုဂ္ဂလိက အမြန်ချောပို့ဝန်ဆောင်မှုလုပ်ငန်းတွင် ကုမ္ပဏီ(၃)ခုဖြင့်စတင်
ပထမဦးဆုံးပုဂ္ဂလိကအမြန်ချောပို့ဝန်ဆောင်မှုလုပ်ငန်းများအား တရားဝင်လုပ်ကိုင်နိုင်ရန် UNITED COURIER SERVICES (UCS) အပါအ၀င် ကုမ္ပဏီ(၃)ခုအား အစိုးရမှခွင့်ပြုလိုက်ပြီဖြစ်သည်။
အမျိုးသားများပါတက်ရောက်နိုင်သော မွေးကင်းစကလေးပြုစုနည်းသင်တန်း YWCA ပို့ချမည်
မွေးကင်းစကလေးငယ်၏ ကျန်းမာရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မွေးကင်းစကလေးငယ်ပြုစုနည်း သူနာပြုသင်တန်းအား YWCA တွင် အိမ်ထောင်သည်အမျိုးသမီးများအတွက် အငြိမ်းစား သူနာပြုဆရာမကြီး များက တာဝန်ယူသင်ကြားပေးမည် ဖြစ်သည်။
ပြင်ဦးလွင်မြို့နယ်မှ တောင်သူများ စိုက်ဧကတစ်သောင်းကျော် လုပ်ကွက်ပျောက်ဆုံးနေ
ပြင်ဦးလွင်မြို့နယ်မှ
လယ်ယာမြေများအား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအား နိုင်ငံတော်က
သီးစားချထားပေးခြင်းကြောင့် ထိုမြေများတွင်စိုက်ပျိုးလျက်ရှိသော
တောင်သူလယ်သမားများ အနေဖြင့်လုပ်ကွက်များ ပျောက်ဆုံးလျက်ရှိကြောင်း လယ်သမားအရေးဆောင်ရွက်ပေးသူများထံက သိရသည်။
ဗန်းမော်နှင့် ကသာမြို့တို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ဝန်းကျင်သို့ ရောက်ရှိနေ
ဧရာဝတီမြစ်ရေသည် ဗန်းမော်နှင့် ကသာမြို့တို့တွင်
စိုးရိမ်ရေမှတ်ဝန်းကျင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ
ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။
ဧရာဝတီမြစ်ရေသည် ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဗန်းမော်မြို့တွင် ၁၀၉၄ စင်တီမီတာသို့ ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၁၅၀ စင်တီမီတာဖြစ်သည့်အတွက် မြစ်ရေကြီးခြင်း သတိပေးချက် စတင်ထုတ်ပြန်ခဲ့သည်။
ဧရာဝတီမြစ်ရေသည် ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဗန်းမော်မြို့တွင် ၁၀၉၄ စင်တီမီတာသို့ ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၁၅၀ စင်တီမီတာဖြစ်သည့်အတွက် မြစ်ရေကြီးခြင်း သတိပေးချက် စတင်ထုတ်ပြန်ခဲ့သည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် စွဲဆိုထားသည့်အမှုအား လာမည့်ဇူလိုင်လ ၁၂ ရက်နေ့သို့ ရုံးချိန်းထပ်မံခေါ်ယူ ဇွန်လ ၂၈ ရက်နေ့ရုံးချိန်းတွင် တရားလိုစစ်ဆေးမှုပြုလုပ်ခဲ့ပြီး တစ်ဖက်ရှေ့နေမှ ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့

ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းလာရောက်သူများကို တွေ့ရစဉ်
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် စွဲဆိုထားသည့်အမှုအား လာမည့်ဇူလိုင်လ ၁၂ ရက်နေ့သို့ ရုံးချိန်း ထပ်မံပေးထားပြီး ဇွန်လ ၂၈ ရက်နေ့(ယနေ့)ပြုလုပ်သည့် ရုံးချိန်းတွင် တရားလို သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုအား စစ်ဆေးလျှောက်ထားမှု ပြုလုပ်စေပြီး The Voice ဂျာနယ်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့်က ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် နောက်ဆုံးနေ့

ပြင်သစ် အမျိုးသမီးတဦးအား ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေစဉ်။
ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ သမ္မတဟောင်း နီကိုလာ ဆာကိုဇီနဲ့
တွေ့ဆုံခဲ့သလို ပြင်သစ် အမျိုးသားလွှတ်တော် ဥက္ကဌအပြင် လွတ်တော် ကိုယ်စားလှယ်
တချို့နဲ့လည်း တွေဆုံခဲ့ပါတယ်။
မြန်မာသံအမတ်နေရာအတွက် အမေရိကန် အထက်လွှတ်တော်မှာ ကြားနာ
မြန်မာနိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်လာပြီဆိုပေမယ့်
စိုးရိမ်ရဆဲ အခြေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တဲ့
အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အဆိုပြု
ခံထားရတဲ့ အမေရိကန် မူဝါဒညှိနှိုင်းရေးမှူး Derek Mitchell က သူ့ကို
သံအမတ်ကြီးအဖြစ် အဆိုပြုတာနဲ့ ပတ်သက်ပြီး
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံရေးပြုပြင်မှုအတွက် ဖြစ်ဖို့ ဒေါ်စုတိုက်တွန်း

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား ပဲရစ္စ် မြို့တော်ခန်းမအတွင်း ကျင်းပသော
အခမ်းအနားအပြီး အမည်မဖော်ပြသော ပုဂ္ဂိုလ်တဦးမှ လက်ဆောင်ပေးအပ်နေစဉ်။
(ဂျွန်လ ၂၇ ရက်၊ ၂၀၁၂။)
ရခိုင်ပြည်နယ်မှာ ပဋိပက္ခအခြေနေ တင်းမာနေဆဲ
ရခိုင်ပြည်နယ်မှာ ပဋိပက္ခအခြေနေ တင်းမာနေဆဲ
2012-06-28
ရခိုင်ပြည်နယ်က အခြအနေတွေဟာ တင်းမာနေဆဲဖြစ်ပြီး ရခိုင်နဲ့ မွတ်ဆလင် နှစ်ဘက်ကြားမှာ စစ်တပ်က လုံခြုံရေး တင်းတင်းကျပ် ကျပ် ယူထားရဆဲ ဖြစ်တယ်လို့ အဲဒီကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကပြောပါတယ်။
RFA
ဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီနှင့် ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေး
ဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီနှင့် ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေး
2012-06-28
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Grand Four Wings ဟိုတယ်မှာ မနေ့မနက်ပိုင်း က တွေ့ဆုံ ဆွေးနွေးခဲ့ပါ တယ်။
RFA
ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ် သမ္မတဟောင်း လာရောက်တွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ် သမ္မတဟောင်း လာရောက်တွေ့ဆုံ
2012-06-28
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်သမ္မတဟောင်း Nicolas Sarkozy နဲ့ ဇနီးဖြစ်သူ Carla Bruni တို့က ဒီကနေ့မနက်ပိုင်း တည်းခိုရာဟိုတယ်ကို လာရောက် တွေ့ဆုံခဲ့ပါတယ်။
AFP
သူရ ဦးရွှေမန်းနဲ့ ၈၈မျိုးဆက် ကျောင်းသားများ တွေ့ဆုံမည်
သူရ ဦးရွှေမန်းနဲ့ ၈၈မျိုးဆက် ကျောင်းသားများ တွေ့ဆုံမည်
2012-06-28
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့တို့ တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းရရှိပါတယ်။
RFA
ပြည်သူ့ဂုဏ်ရည် ဆန်ခါတင် ၅ ဦးကို ရန်ကုန်မှာ ဂုဏ်ပြု
ပြည်သူ့ဂုဏ်ရည် ဆန်ခါတင် ၅ ဦးကို ရန်ကုန်မှာ ဂုဏ်ပြု
2012-06-28
၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ဆုရွေးချယ်ခံခဲ့ရသူ ၅ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနားတရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။
RFA
ရန်ကုန် ဆောက်လုပ်ရေး အလုပ်သမား နှစ်ထောင်နီးပါး လုပ်ခတိုးရေး ဆန္ဒပြ
ရန်ကုန် ဆောက်လုပ်ရေး အလုပ်သမား နှစ်ထောင်နီးပါး လုပ်ခတိုးရေး ဆန္ဒပြ
2012-06-28
တော်ဝင် ဆောက်လုပ်ရေး စီမံကိန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား နှစ်ထောင်နီးပါးဟာ လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဒီကနေ့ စတင် ဆန္ဒပြနေကြပါ တယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က တော်ဝင်
ဆောက်လုပ်ရေး စီမံကိန်းတွင် အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားများ လုပ်အားခ
တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြနေကြစဉ်။
UNHCR အကြီးအကဲ မြန်မာပြည်သွားမည်
UNHCR အကြီးအကဲ မြန်မာပြည်သွားမည်
2012-06-28
UNHCR လို့ခေါ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲဖြစ်သူ Mr. Antonio Guterres ဟာ ဇူလိုင်လဆန်းပိုင်း အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ ဆုံမယ်လို့ သိရပါတယ်။
Photo:UN Department of Public information/Eskider Debebe
မြန်မာတွင် ရင်းနှီးမြှုပ်နှံခွင့် အမြန်ဆုံးပေးရန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း
မြန်မာတွင် ရင်းနှီးမြှုပ်နှံခွင့် အမြန်ဆုံးပေးရန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း
2012-06-27
မြန်မာနိုင်ငံမှာ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ဆိုင်းငံ့ထားပြီ ဖြစ်တဲ့အတွက် အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေ အနေနဲ့ သွားရောက် ရင်းနှီးမြှုပ်နှံခွင့် အမြန်ပေးဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက အိုဘားမားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
(Photo: AFP)
ကုလ အထူးကိုယ်စားလှယ်ဟောင်းက မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်နေပုံကို ချီးမွမ်း
ကုလ အထူးကိုယ်စားလှယ်ဟောင်းက မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်နေပုံကို ချီးမွမ်း
2012-06-27
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Razali Ismail က မြန်မာနိုင်ငံအနေနဲ့  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အစွန်းမရောက်ဘဲ ဖော်ဆောင်နေပုံကို သူ့အနေနဲ့ ကျေနပ်အားရကြောင်း ချီးမွမ်းပြောဆို လိုက်ပါတယ်။ကိုဇာဂနာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း ဗြိတိန်မှာဟောပြော
ကိုဇာဂနာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း ဗြိတိန်မှာဟောပြော
2012-06-27
ဗြိတိန်နိုင်ငံ အခြေစိုက် PEN International အဖွဲ့ရဲ့ ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ လူရွှင်တော် ဒါရိုက်တာ ကိုဇာဂနာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အကြောင်းကို ဒီကနေ့ မနက်ပိုင်းမှာ လန်ဒန်မြို့ရှိ ကမ္ဘာကျော် သိမ်းစ်မြစ်ကမ်းက Queen Elizabeth Hall မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။
RFA
ယုံကြည်ချက်အတွက်လက်မလျှော့ဖို့ နိုင်ငံရေး အကျဉ်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ယုံကြည်ချက်အတွက်လက်မလျှော့ဖို့ နိုင်ငံရေး အကျဉ်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2012-06-27
ဥရောပခရီးစဉ် နောက်ဆုံးခရီးတစ်ထောက်အဖြစ် ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိမိတို့ရဲ့ ယုံကြည်ချက်အတွက် လက်မလျှော့ဘဲ တိုက်ပွဲဝင်ကြဖို့  တိုက်တွန်း ပြောကြားလိုက်ပါတယ်။
AFP
BROUK အဖွဲ့ ဥက္ကဋ္ဌက ရိုဟင်ဂျာတွေရဲ့ အခြေအနေ ဗြိတိသျှပါလီမန်မှာ တင်ပြ
BROUK အဖွဲ့ ဥက္ကဋ္ဌက ရိုဟင်ဂျာတွေရဲ့ အခြေအနေ ဗြိတိသျှပါလီမန်မှာ တင်ပြ
2012-06-27
ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် BROUK ခေါ် Burmese Rohingya Orgnization အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ဟာ မနေ့က ဗြိတိသျှ ပါလီမန် အစည်းအဝေးတစ်ရပ်မှာ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေကို တင်ပြခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။Thursday, June 28, 2012
“ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံး အရေးကြီးတယ်”
မြန်မာနိုင်ငံ အသွင်ကူးပြောင်းနေဆဲ ကာလမှာ ဒီမိုကရေစီနဲ့ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံးဟာ တချိန်တည်း တပြိုင်တည်း အရေးကြီးကြောင်း
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်သမ္မတ Francois
Hollande နဲ့ တွေ့ဆုံအပြီး မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆို
လိုက်ပါတယ်။
“ရခိုင်ပြည်နယ် တည်ငြိမ်ဖို့ နောက်ကွယ် ပယောဂ ရှာဖို့လိုတယ်”

အကြမ်းဖက်တိုက်ခိုက်မှုများ ကျယ်ပြန့်လာသဖြင့် ရပ်ရွာကို အကာအကွယ်ပေးရန် ရှိရာ တုတ်၊ ဓား ဆွဲ၍ထွက်လာကြသူများ (ဓာတ်ပုံ- Reuters)
စစ်တွေရှိ ဘင်္ဂါလီ ဈေးဆိုင်များ ရွှေ့ပြောင်း

မီးလောင်
ပျက်စီးသွားသည့် စစ်တွေမြို့ နာဇီဈေးအား ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊
တပ်မတော်သား များ၊ ရဲ တပ်ဖွဲ့ဝင်များ အပါအ၀င် လုပ်အားပေး ၁၅၀ ၀န်းကျင်က
ရှင်းလင်းရေး ပြုလုပ်နေစဉ်(ဓာတ်ပုံ – CJ Myanmar)
ဒေါက်တာ စင်သီယာမောင်ကို ဦးသိန်းစိန် အစိုးရ ကျေးဇူးတင်

ယမန်နေ့က
မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းနှင့် ဒေါက်တာ
စင်ယာသီယာမောင်တို့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ –
ဝေမိုး / ဧရာဝတီ)
ကိုယ်ဝန်ရှိ အလုပ်သမများကို ပြန်ပို့မည့် ထိုင်းအစိုးရ ဝေဖန်ခံနေရ
ထိုင်းနိုင်ငံတွင်း အလုပ် လုပ်နေသော ရွှေ့ပြောင်း အလုပ်သမ များတွင်
ကိုယ်ဝန်ရှိနေပါက မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဟု စီစဉ်နေခြင်းသည်
လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ကြောင်း အလုပ် သမား အရေး ဆောင်ရွက်
နေသူများက ဝေဖန်နေကြသည်။
ဘိန်းစိုက်ပျိုးမှုမြင့်တက်လာရခြင်းမှာ ဒေသတွင်းစစ်ပွဲများကြောင့်ဟု ဦးခွန်ဆိုင် သုံးသပ်
ရှမ်းပြည်နယ်တွင်း
စစ်ပွဲများဖြစ်ပွားနေခြင်းကြောင့်ဒေသခံပြည်သူများ စီးပွားရေးကျပ်တည်းကာ
ကာလတိုနှင့် လအနည်းငယ်အတွင်း အလွယ်တကူ ငွေရရှိသည့်ဘိန်းစိုက်ပျိုးမှုများ
လုပ်ကိုင်လာ ခြင်းဖြစ်ကြောင်း ဦးခွန်ဆိုင်က ဆိုလိုခြင်းဖြစ်သည်။
ဆိုင်ကယ်တက္ကစီးများအား ခွင့်ပြုသင့်ကြောင်း ဒေသခံများပြောဆို
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်ရှိ
ဆင်ခြေဖုံးရပ်ကွက်များတွင် ဆိုင်ကယ်မစီးရဟု တားမြစ်ချက် ရှိနေသော်လည်း
သွားရေးလာရေးလွယ်ကူစေရန် ဆိုင်ကယ်တက္ကစီများအား အားထားနေရဆဲဖြစ်ကြောင်း
ဆင်ခြေဖုံးရပ်ကွက်နေပြည်သူများထံက သိရှိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရေဘေးသင့်ဒုက္ခသည်များပါ ထပ်တိုးလာ
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများဖြစ်သော
ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များ၌ ရေကြီးရေလျှံမှု
များဖြစ်ပေါ်ခဲ့သောကြောင့်  ဒုက္ခသည်ဦးရေ ပိုမိုများပြားလာ ကြောင်းသိရသည်။
ဧရာဝတီမြစ်ရေ ကျသော်လည်း နေရပ်ပြန်နေထိုင်၍ မရသေး
ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေမှာ ယနေ့စတင်လျှော့ကျနေသော်လည်း
မြစ်ကမ်းတစ်လျှောက်ရှိ ဒေသခံများမှာ မိမိတို့ နေအိမ်တွင် နေထိုင်၍မရသေးဘဲ
ရေဘေးကင်းရာ နေရာများသို့ ရွေ့ပြောင်းနေထိုင်နေရကြောင်း သိရှိရသည်။
ပျောက်သွားသော စည်ပင်သာယာပိုင် အမှိုက်ပုံး ရွှေတောင်ကြားတွင် ပြန်လည်တွေ့ရှိ
ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊အ.ထ.က(၂)ဗဟန်းကျောင်းရှေ့တွင်ထားရှိရင်း
ပျောက်ဆုံးသွားသော အဖိုးတန်အမှိုက်ပုံးအသစ်တစ်လုံးအား
ရွှေတောင်ကြားလမ်း(၁)ရပ်ကွက်တွင် ဇွန်လ (၂၅)ရက်နေ့က
ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရှိရသည်။
ဒေါနတောင်ကျရေ အရှိန်ကြောင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာပြီး လှိုင်းဘွဲ-ဘားအံ ချိတ်ဆက် ဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့ရာ ကုန်စည်စီဆင်းမှု ယာယီပြတ်တောက်မှု ဖြစ်ပေါ်

ဘေလီသံပေါင်တံတား ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေလျှံတက်ကာ မြို့နယ်အချို့သို့ ရေ၀င်ရောက်၊ ပုဏ္ဏားကျွန်းမြို့နယ်သို့လည်း လေဆင်နှာမောင်း ၀င်ရောက်တိုက်ခိုက်ခဲ့
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့်
မြစ်ရေလျှံတက်လာပြီး ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်မြို့နယ်များရှိ
ရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာခဲ့၍ ဇွန်လ ၂၇ ရက်နေ့ နံနက် ၃
နာရီမှစ၍ ရေမြုပ်ရပ်ကွက်များရှိ ဒေသခံများ ရေလွတ်ရာနေရာသို့
ပြောင်းရွှေ့နေရကြောင်း သိရသည်။
ဘူးသီးတောင်မြို့ရှိ မြို့မဈေးကို ယာယီပိတ်ထားရပြီး ဘူးသီးတောင်ဆေးရုံရှိ လူနာများအား အ.လ.က... (၁)ကျောင်းသို့ ပြောင်းရွှေ့နေရာချထားရကြောင်း၊ အဆိုပါကျောင်းတွင် ရေဘေးသင့် အိမ်ထောင်စု ၄၀ ကျော် လူဦးရေ ၁၀၀ ကျော် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့ရှိ မြို့မဈေးကို ယာယီပိတ်ထားရပြီး ဘူးသီးတောင်ဆေးရုံရှိ လူနာများအား အ.လ.က... (၁)ကျောင်းသို့ ပြောင်းရွှေ့နေရာချထားရကြောင်း၊ အဆိုပါကျောင်းတွင် ရေဘေးသင့် အိမ်ထောင်စု ၄၀ ကျော် လူဦးရေ ၁၀၀ ကျော် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကို တိုင်းရင်းသား ညီနောင်ပါတီ ခြောက်ခုဖြင့် ဖွဲ့စည်း
ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ(Peace Process Committee)ကို
တိုင်းရင်းသားညီနောင်ပါတီ ခြောက်ခုက ဇွန်လ ၁၅ရက်နေ့နှင့် ၁၆ ရက်နေ့တွင်
ပြုလုပ်ခဲ့သော ညီနောင်ခြောက်ပါတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်
ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
မှတ်ပုံတင် သက်တမ်းကုန်ဆုံးချိန်တွင် ထပ်မံ သက်တမ်းတိုးမြှင့်ခြင်း မရှိသည့် ကုမ္ပဏီ ၁၇၀၀ကျော်ကို ဖျက်သိမ်းသွားမည်
မှတ်ပုံတင် သက်တမ်းကုန်ဆုံးချိန်တွင်
ထပ်မံသက်တမ်းတိုးမြှင့်ခြင်းမရှိသည့် ကုမ္ပဏီ ၁၇၀၀ကျော်ကို
ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းကို အားပေး ထောက်ခံသွားမည်ဟု ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ် ပြောကြား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်တို့
ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Elysee နန်းတော်၌ ဇွန်လ ၂၆ ရက်နေ့က ပူးတွဲ
သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အေအက်ဖ်ပီ)
ကချင် စစ်ဘေးရှောင်များကို တရုတ်ကူညီပေးနေဟုဆို
ရန်ကုန် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံလာသည့်
မြန်မာနိုင်ငံသားများကို အကူအညီများပေးနေပြီး မြန်မာနိုင်ငံဘက်သို့ အဓမ္မပြန်လွှတ်ခြင်းမရှိဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံသားများကို အကူအညီများပေးနေပြီး မြန်မာနိုင်ငံဘက်သို့ အဓမ္မပြန်လွှတ်ခြင်းမရှိဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ပြောဆိုလိုက်သည်။
NLD လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ပြန်ရောက်မှ ဖွဲ့စည်းမည်
ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် လွှတ်တော်နှင့် ပတ်သက်သော အရေးကိစ္စများ
ဆွေးနွေးညှိနှိုင်းရန်အတွက် ကော်မတီကို ဥရောပနိုင်ငံများသို့ ခရီးလှည့်လည်နေသော
ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်မှ ဖွဲ့စည်းမှာ ဖြစ်ကြောင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဉာဏ်ဝင်း က ပြော
သည်။
ဆွေးနွေးညှိနှိုင်းရန်အတွက် ကော်မတီကို ဥရောပနိုင်ငံများသို့ ခရီးလှည့်လည်နေသော
ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်မှ ဖွဲ့စည်းမှာ ဖြစ်ကြောင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဉာဏ်ဝင်း က ပြော
သည်။
အစိုးရငြိမ်းအဖွဲ့ PNLO နှင့် အပစ်ရပ်မည်၊ မယ်တော်ဆေးခန်း ကူညီမည်
ချင်းမိုင်(မဇ္စျိမ) ။ ။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တွေ့ဆုံမှုများကို ဆက်လက်ပြုလုပ်နေရာ
ဇွန်လ ၂၇ ရက်နေ့တွင် မဲဆောက်မြို့ရှိ မယ်တော်ဆးခန်းသို့ ဒုတိယအကြိမ်
သွားရောက်ပြီး အလှူငွေများ ပေးအပ်ကာ ဘန်ကောက်မြို့တွင်လည်း ပအိုဝ်းအမျိုးသား
လွတ်မြောက်ရေးအဖွဲ့ PNLO တွေ့ဆုံဆွေးနွေးခဲ့သည်။
NLD ကူခဲ့သူ သားအဖ နှစ်ဦး ၅ (ဃ)ဖြင့် တရားစွဲခံနေရ
နယူးဒေလီ (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် NLD အောင်နိုင်ရေးအတွက် အကူအညီပေးခဲ့သူ ဒက္ခိဏသီရိမြို့နယ်မှ
သားအဖ နှစ်ဦးအား “ရပ်ရွာထိတ်လန့်၊ ခြောက်ခြားရန် လုပ်ဆောင်သည်” ဟု ဆိုကာ
အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ ၅(ဃ) ဖြင့် တရားစွဲဆိုထားသည်။
လူကုန်ကူးခံရသူ၏ လေးပုံတပုံနီးပါးသည် ကလေးသူငယ်များဖြစ်ကြ
ရန်ကုန် (မဇ္ဈိမ) ။ ။၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်
လူကုန်ကူးခံရသူများ၏ လေးပုံတစ်ပုံနီးပါး (၂၃ ရာခိုင်နှုန်း) သည်
ကလေးသူငယ်များဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏
နှစ်ပတ်လည် အစီရင်ခံစာက ဆိုသည်။
ကော့သောင်း ဥယျာဉ်ခြံမြေ ဧက ၄၀ ကျော် တပ်နယ်မြေ သိမ်းပိုက်ခံရ
စံခလပူရီ (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ မြောက်ဘက်
တပ်နှင့် အလှမ်းကွာဝေးသည့် ရွှေပြည်သာ ရပ်ကွက်ရှိ ဥယျာဉ်ခြံမြေ ဧက ၄၀
ကျော်ကို တပ်မြေအဖြစ် သိမ်းယူရန် စစ်တပ်မှ အုတ်တိုင်များ လာရောက်
စိုက်ထူထားကြောင်း ခြံရှင်များက ပြောသည်။
လမ်းပြကြယ် ၇၀,၀၀၀ ကျော် NDF ဝင်ကြမည်ဟုဆို
စံခလပူရီ (မဇ္ဈိမ) ။ ။ ဦးအေးမြင့် ဦးဆောင်သည့် လမ်းပြကြယ်
အဖွဲ့ဝင် ၇၂,၀၀၀ သည် မကြာမီ ရက်ပိုင်းအတွင်း အမျိုးသား ဒီမိုကရေစီ အင်အားစု
NDF ပါတီသို့ ဝင်ရောက်ကြမည် ဖြစ်ပြီး တရားဝင် ပါတီဝင်
လျှောက်လွှာပေးအပ်ပွဲ ကို ရန်ကုန်မြို့ရှိ City Star ဟိုတယ်၌ ဇွန်လ ၂၉
ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောသည်။
ရခိုင်နှင့် ဘင်္ဂါလီများကို သီးခြားစီ နေရာချပေးရန် RNDP လိုလား
ချင်းမိုင်(မဇ္စျိမ) ။ ။ ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့်
‘အဓိကရုဏ်း’ မျိုး ထပ်မံ မဖြစ်ပွားရန်နှင့် ပြည်သူ များ
လုံခြုံမှုရှိစေရန်အတွက် ဘင်္ဂါလီ လူမျိုးများအား သီးခြားနေရာချထားပေးရန်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ဇွန်လ ၂၆ ရက်စွဲဖြင့်
ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့လက်ခံရယူ
ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့လက်ခံရယူ
2012-06-27
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၄ ခုနှစ်မှာ သူ့ကို ချီးမြှင့်ထားတဲ့ ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့ကို ဒီကနေ့မှာပဲ လက်ခံရယူ လိုက်ပါတယ်။
AFP
ကလေးစစ်သား ပပျောက်ရေး မြန်မာ ကုလ သဘောတူလက်မှတ်ရေးထိုး
ကလေးစစ်သား ပပျောက်ရေး မြန်မာ ကုလ သဘောတူလက်မှတ်ရေးထိုး
2012-06-27
မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအဖြစ် ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး သဘောတူ လက်မှတ်ရေးထိုး လိုက်တယ်လို့ သတင်းရရှိပါတယ်။
ကလေးသူငယ်တွေကို မြန်မာ့တပ်မတော်မှာ စစ်မှုထမ်းခြင်းမှ ကာကွယ်ဖို့နဲ့
အသက်မပြည့်သေးတဲ့ တပ်သားသစ်တွေကို လွတ်မြောက်ခွင့်ပြုဖို့ လုပ်ငန်း
အစီအစဉ်တရပ်ကို လက်မှတ်ရေးထိုးကြတာလို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ
ဖော်ပြထားပါတယ်။
NLD ဦးဥာဏ်ဝင်းအပေါ် ကော်မရှင်တရားစွဲဆိုမှု သက်သေ ၂၀ ခန့်ထွက်ဆိုမည်
NLD ဦးဥာဏ်ဝင်းအပေါ် ကော်မရှင်တရားစွဲဆိုမှု သက်သေ ၂၀ ခန့်ထွက်ဆိုမည်
2012-06-27
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က NLD အတွင်းရေးမှူး
ဦးဥာဏ်ဝင်းကို သတင်းမှားထုတ်ပြန်မှုနဲ့ တရားစွဲထားတဲ့ကိစ္စ ကို
နေပြည်တော်မှာ မနေ့က သက်သေတစ်ဦး စစ်ဆေးခဲ့ပါတယ်။
ဒီအမှုမှာ နှစ်ဘက်သက်သေ အယောက် ၂၀ လောက် စစ်ဆေးမှာဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။
မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မယ်တော်ဆေးခန်း လေ့လာ
မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မယ်တော်ဆေးခန်း လေ့လာ
2012-06-27
မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မယ်တော်ဆေးခန်းကို ဒီကနေ့ မနက် (၆) နာရီကျော်က သွားရောက်ပြီး ဒေါက်တာစင်သီယာမောင် နဲ့ တွေ့ဆုံကာ ဆေးခန်းက လူနာတွေကို လိုက်လံကြည့်ရှုပြီး အကူငွေ ပေးအပ်ခဲ့ပါတယ်။
RFA
အစိုးရသတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေး နေပြည်တော်မှာဆွေးနွေး
အစိုးရသတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေး နေပြည်တော်မှာဆွေးနွေး
2012-06-27
ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ နိုင်ငံပိုင် သတင်းစာများ ရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ ပြုပြင်ပြောင်းလဲရေး စာတမ်းဖတ် ပွဲမှာ သတင်းအရ တန်ဖိုးရှိတဲ့ သတင်းတွေ အလေးပေးဖော်ပြဖို့ တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ကိုယ်တိုင် စာတမ်းတင်သွင်း ခဲ့တဲ့ ပေါ်ပြူလာမြန်မာ သတင်းဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဟိန်းလတ်က RFA ကိုပြောပါတယ်။
Photo: ministry of information.gov.mm
အညတြ သူရဲကောင်းဆုရ နိုင်ငံရေးအကျဉ်းသား ရခိုင်ဒုက္ခသည်တွေအတွက် ငွေလှူ
အညတြ သူရဲကောင်းဆုရ နိုင်ငံရေးအကျဉ်းသား ရခိုင်ဒုက္ခသည်တွေအတွက် ငွေလှူ
2012-06-27
သာယာဝတီထောင်မှာ နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုလက်ျာထွန်းက သူ့ကို ဂျပန်နိုင်ငံရောက် မြန်မာတွေချီးမြှင့်ထားတဲ့ အညတြသူရဲကောင်းဆု ချီးမြှင့်ငွေထဲက ကျပ်ငွေ (၄) သိန်းကို ရခိုင်ပြည်နယ်က ဘေးဒုက္ခကြုံတွေ့နေကြရသူတွေအတွက် ပြန်လည် လှူဒါန်းလိုက်ပါတယ်။
RFA
ကချင်ဒုက္ခသည်တွေအတွက် အရေးပေါ်ဆေးဝါးများလိုအပ်နေ
ကချင်ဒုက္ခသည်တွေအတွက် အရေးပေါ်ဆေးဝါးများလိုအပ်နေ
2012-06-27
အခုရက်ပိုင်းအတွင်း မိုးသည်းထန်နေတာကြောင့် တရုတ်-မြန်မာနယ်စပ် ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါ၊ အဆုတ် အအေးမိ ရောဂါတွေ အဖြစ်များလာနေပြီး အရေးပေါ်ဆေးဝါးနဲ့ အာဟာရတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
AFP
Wednesday, June 27, 2012
ဒေါနတောင်ကျရေ အရှိန်ကြောင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာပြီး လှိုင်းဘွဲ-ဘားအံ ချိတ်ဆက် ဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့ရာ ကုန်စည်စီဆင်းမှု ယာယီပြတ်တောက်မှု ဖြစ်ပေါ်
ဇွန်လ ၂၃ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဒေါနတောင်ကျရေများ
စီးဆင်းလာကာ လှိုင်းဘွဲချောင်းရေ မြင့်တက်မှုကြောင့် ကရင်ပြည်နယ် အရှေ့ဘက်
လှိုင်းဘွဲမြို့နယ်ရှိ ခရီးသည်နှင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်ရန်
တည်ဆောက်ထားသော ယာယီ ဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့၍ မော်တော်ယာဉ်များ
သွားလာ၍ မရနိုင်ဘဲ ကုန်စည်စီးဆင်းမှု ယာယီ ပြတ်တောက်မှု ဖြစ်ပေါ်လျက်
ရှိနေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် 'ကဏ္ဍပေါင်းစုံ ကနဦး လိုအပ်ချက်လေ့လာဆန်းစစ်မှု စစ်တမ်း' ကောက်ယူသွားမည်

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုအား တွေ့ရစဉ်
ဝန်ထမ်းတစ်ဦး၏ မိခင်ဖြစ်သူ ကင်ဆာဝေဒနာရှင်က ဆေးကုသရန် ငွေကြေးအခက်အခဲကြောင့် ကြိုးဆွဲချသေဆုံးမှု ကြည့်မြင်တိုင်တွင် ဖြစ်ပွား၊ ရန်ကုန်မြို့တွင် ကြိုးဆွဲချသေဆုံးမှု တစ်ပတ်အတွင်း ခြောက်ကြိမ်ဖြစ်ပွား

ကင်ဆာဝေဒနာရှင် ကြိုးဆွဲချသေဆုံးခဲ့သည့် အခန်းအား ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်
ပစ္စည်းများပေးရန် တုံကင်ယူပေးမည်ဆိုကာ အမည်မသိသူနှစ်ဦးက ရွှေဆွဲကြိုးကို လိမ်လည်ရယူ
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အသောကဈေးအနီး နံနက်ပိုင်း
လူစည်ကားချိန်တွင် ရွှေဆွဲကြိုး လိမ်လည်ရယူသည့်
ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သိရှိရပါသည်။
လှိုင်သာယာစက်မှုဇုန်ရှိ ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည့် စက်ရုံသုံးရုံမှ အလုပ်သမားဦးရေ ၃၀၀ ကျော်လျော့ချ

လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတစ်ခု၏ အလုပ်ခေါ်စာအား လာရောက် ကြည့်ရှုနေသူများ
ထုတ်ပယ်ယာဉ်လုပ်သားများ ခံဝန်ချက်နှင့် ပြန်လျှောက် ထားပါကစိစစ်ပြီး အလုပ် ပြန်လည်ခန့်မည်
ထုတ်ပယ်ယာဉ်လုပ်သားများ ကိုယ်တိုင်ခံဝန်ချက်နှင့် ပြန်လျှောက်ထားပါက စိစစ်ပြီး ပြန်လည်ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်ရုံးခွဲဖွင့်လှစ်
အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ရန်ကုန်ရုံးခွဲကို အမှတ်(၁) သစ္စာလမ်း
ရန်ကင်းမြို့နယ် ရန်ကုန်မြို့ (ရန်ကုန်တိုင်းစီမံကိန်းရုံးဝင်းအတွင်း) တွင်
ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာနှင့် သွင်းအားစုများအပေါ် ကောက်ခံနေသည့် ကုန်သွယ်လုပ်ငန်းခွန်အား ကင်းလွတ်ခွင့်ပြုမည်ဟု သိရ

တောင်သူအများစု အရစ်ကျစနစ်ဖြင့် ဈေးမြှင့်ပေးကာ ၀ယ်ယူအသုံးပြုနေရသော လက်တွန်းထွန်စက်
Subscribe to:
Posts (Atom)