Monday, June 11, 2012

အကြမ်းဖက်မှု့ခံခဲ့ရသည့် ဒုက္ခသည်များကိုထိရောက်သော အကူအညီများ ပေးနိုင်ရန် ဆွေးနွေးနေ


ယနေ့(ဇွန် ၁၁) မွန်းလွဲ တစ်နာရီ ခွဲတွင် ရွှေတိဂုံဘုရားအနောက်ဘက်မုဒ် ၊ရခိုင်တန်ဆောင်းတွင် ရောက်ရှိစုဝေးနေသော လူ၂၀၀ကျော်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု့များကို ကန့်ကွက်ဆန္ဒပြခြင်းထက် ပိုထိရောက်မည့် အကြမ်းဖက်မှု့ခံခဲ့ရသည့် ဒုက္ခသည်များကိုထိရောက်သောအကူအညီများ ပေးနိုင်ရန် ဆွေးနွေးတိုင် ပင်လျှက်ရှိကြကြောင်း ထိုနေရာတွင်ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ယခင်ရက်များကကဲ့သို့ ဆန္ဒပြ လှည့်လည်ခြင်းများသည် မလိုလားအပ်သော ပြသနာများ ထပ်မံပေါ်ပေါက်နိုင်သည့်အတွက် ဒုက္ခသည်များကို မည်သို့ထိရောက်အောင်ကူညီနိုင်မည်ကို နည်းလမ်းရှာဖွေကြရန် ပါဝင်သော သံဃာတော်များနှင့် အချို့လူပုဂ္ဂိုလ်များက ဦးဆောင် ဆွေးနွေးနေကြသည်ဟု သတင်းထောက်ကသတင်းပေးပို့သည်။

7Day News Journal

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု့များကို ဆန့်ကျင်ရှုံ့ချကြောင်းနှင့် နိုင်ငံတကာမီဒီယာများဖြစ်သော BBC, RFA ,VOA,DVBသတင်းဌာနများ၏ဘက်လိုက်ရေးသားမှု့များကိုဆန့်ကျင်ကန့်ကွက်ကြောင်းနှင့်အကြမ်းဖက်မှု့များကိုဥပဒေအရ နှိမ်နင်းအရေးယူနေ သောတပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များနှင့် တစ်သားတည်းရှိကြောင်း ပြသရန် ငြိမ်းချမ်းစွာစုဝေးဆန္ဒဖော်ထုတ်မှု့တစ်ရပ် ယနေ့နံနက် ၁၀နာရီ မှ ၁၁နာရီအထိ ဆူးလေ၊မြို့တော်ခန်းမအနီးဖြစ်ပွားခဲ့သည်။ ဆန္ဒဖော်ထုတ်သူများမှာပါတီ၊နိုင်ငံရေးအဖွဲ့အစည်းစွဲများမရှိဘဲ မြန်မာနိုင်ငံကိုချစ်မြတ်နိုးကြသော မျိုးချစ်မြန်မာများဖြစ်သည်ဟု ရည်ညွှန်းထားကြသည်။


7Day News Journal

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။