Monday, June 11, 2012

မောင်းတောမှာ ဒုက္ခသည် ၅၀၀၀ ကျော်ရှိနေ

မောင်းတောမှာ ဒုက္ခသည် ၅၀၀၀ ကျော်ရှိနေ
2012-06-10
ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှာ အခုဆိုရင် ဒုက္ခသည် ဦးရေ (၅၀၀၀) ခန့်ရှိနေပြီး လတ်တလောအနေနဲ့ အစားအသောက်၊ ရိက္ခာတွေ လိုအပ်နေသလို ပြေးလွားရင်း ပျောက်ဆုံးနေသူ ၅၀ ခန့်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
မောင်းတောမြို့မှာ ဒုက္ခသည်စခန်း အနေနဲ့ (၄) ခုဖွင့်လှစ်ထားပြီး ဒီစခန်းတွေမှာ လာရောက် ခိုလှုံနေရသူ တွေကို ဗဟိုလ်ကျောင်း၊ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်း
နဲ့ အမှတ် (၂) ရဲတပ်ရင်းတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်၊
 အလိုတော်ပြည့် ကျောင်းမှာတော့ ကျေးရွာ(၃) ရွာက လူဦးရေ (၄၇၂) ဦးရှိပြီး၊ တချို့ရွာတွေက လူတွေ ပျောက်ဆုံး နေတာတွေလည်း ရှိတယ်လို့ ဆရာတော် ဦးမဏိသာရ က အခုလို မိန့်ပါတယ်။

“ဒီမှာ ဒဏ်ရာရတဲ့သူတွေ ပါမယ်၊ နောက်တခါ ဝမ်းသွားတဲ့သူ၊ ဖျားနာတဲ့သူတချို့ အဲဒါတွေလည်း ပါတာပေါ။့ ထွက်ပြေးတဲ့နေ့က မိုးတွေ မိကြတယ်ဆိုတော့ လူနာကတော့ ဒီမြို့ပေါ်မှာတင် ဦးဇင်းကျောင်းမှာ လူနာ(၁၀၀) ကျော်လောက်နဲ့ ပရဟိတကျောင်းမှာ (၃၂) ယောက်ဆိုပြီးတော့ အဲဒီလို သိရတယ်။ ဟိုရဲတပ်ရင်း ဘက်ကတော့ ဦးဇင်းတို့နဲ့ အလှမ်းဝေးသည့် အတွက်ကြောင့် မသိရပါဘူး၊ ဗဟိုရ်ကျောင်းမှာ ကတော့ လူနာ တယောက်မှ မရှိပါဘူး၊ ဦးဇင်းကျောင်းမှာ ပြည်ခွန်ပေါင်ရွာရယ်၊ တိုင်းသိရွာရယ်၊ နောက်တခါ ဥဒေါင်းငယ် ဆိုပြီးတော့ ရွာ(၃)ရွာရှိပါတယ်။

ဒီအလိုတော်ပြည့် ကျောင်းမှာတင် ပြည်ခွန်ပေါင်ရွာက အမျိုးသား (၁၇၀) ဦး၊ အမျိုးသမီး (၁၉၄) ဦးရှိတယ်လို့လည်း သိရပါတယ်၊ ဒီရွာတရွာထဲမှာတင် သေဆုံးသူ အမျိုးသား (၃) ဦးရှိပြီး၊ ပျောက်ဆုံးနေသူ ၅၀ ခန့်ရှိတယ်လို့  ဆရာတော်က မိန့်ကြားပါတယ်။ ဒုက္ခသည်စခန်းမှာ အဓိက လိုအပ်တာကတော့ ရိက္ခာနဲ့ သောက်သုံးရေနဲ့ ဆေးဝါးများ ဖြစ်တယ်လို့ ဆရာတော်ကမိန့်ပါတယ်။ လက်ရှိအနေနဲ့ မောင်းတောမှာ ဆူဆူပူအသံတွေ ဆက်မကြားရပေမဲ့ တင်းမာမူတွေတော့ ရှိနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။