Monday, June 11, 2012

သမ္မတမိန့်ခွန်းအား ထောက်ခံသည့် ဆူးလေဆန္ဒဖော်ထုတ်ဖော်ပွဲ

ယနေ့ နံနက်(၁၀)၀န်းကျင်က ဆူးလေမြို့တော်ခမ်းမရှေ့တွင် ယမန်နေ့ညက သမ္မတကြီးပြောကြားခဲ့သော မိန့်ခွန်းအား   ထောက်ခံပေးသော ပြည်သူလူထုများက  ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
 
 
အဆိုပါ ဆန္ဒထုတ်ဖော်မှု့မှာ မည်သူတစ်ဦးတယောက်၏ ခေါင်းဆောင်မှုနှင့်မျှ လာရောက်ထုတ်ဖော်ခြင်းမဟုတ်ပဲ မိမိတို့၏ သဘောဆန္ဒအလျှောက် လာရောက်ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။
 
“ကျွန်တော်တို့က သမ္မတကြီး မိန့်ခွန်းကိုထောက်ခံပါတယ်၊ ရိုအင်ဂျာဆိုတာ ကျွန်တော်တို့ နိုင်ငံသားမဟုတ်ပါဘူး၊ သမ္မတကြီးပြောတဲ့အတိုင်း တပ်မတော်သားတွေ ပြည်သူ့ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်မယ်ဆိုတာကြိုဆိုတယ်”ဟု ဆန္ဒထုတ်ဖော်သူများထဲမှ ကိုနေလင်းထွန်းကပြောသည်။
 
ဆန္ဒထုတ်ဖော်သူများအနေဖြင့် "အမိမြေအားကျူးကျော်ဝင်ရောက် အကြမ်းဖက်လာသူများအား ပြင်းထန်စွာ ကန့်ကွက်ပါသည်"ဟု ဆိုသော စာတန်းအား ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ပြီး၊ လူဦးရေ(၃၀)၀န်းကျင် ပါဝင်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။